Galaxy Note Series တွေရဲ့ အထင်ကရ S Pen ကို နောက်ဆုံးထုတ် Galaxy S22 Ultra မှာ ထည့်သွင်းပေးထားပါတယ်။ အခုထွက်လာတဲ့သတင်းအရ Samsung ဟာ S Pen ကို S22 Ultra မှာသာမကဘဲ နောက်မျိုးဆက် Foldable စမတ်ဖုန်းမှာပါ ထည့်သွင်းပေးထားနိုင်ပါတယ်။

Galaxy Z Fold4 by Apple Lab 2

TheElec ရဲ့ သတင်းအရ Samsung ဟာ နောက်ထုတ်မယ့် Galaxy Z Fold4 မှာ S Pen Stylus ထည့်သွင်းပေးထားမှာ ဖြစ်ပြီး အဲဒီ ဖုန်းကို ၂၀၂၂ ခုနှစ် ဒုတိယနှစ်ဝက်မှာ ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။

The Z Flip 3 supported the S Pen but did not have a built-in slot for storage

လက်ရှိ Galaxy Z Fold3 အတွက် S Pen Fold Edition နဲ့ S Pen Pro ကို ထုတ်လုပ်ရောင်းချထားပေမယ့် Stylus ကို သီးခြား ဝယ်ယူရတာ ဖြစ်ကာ  S Pen Slot မပါလာပါဘူး။ Galaxy Z Fold3 သုံးစွဲသူတွေဟာ Stylus ထည့်သွင်းဖို့အတွက် အနောက်ကာဗာကို ဝယ်ယူ အသုံးပြုရတာ ဖြစ်ပါတယ်။

မကြာခင်က သတင်းတွေအရ Samsung Galaxy Z Flip3 ဟာ Galaxy Z Fold3 ထက် ရောင်းအား ပိုကောင်းနေပါတယ်။ Samsung ဟာ S Pen ကို Galaxy Z Fold4 မှာ ထည့်သွင်းပေးခြင်းအားဖြင့် ရောင်းအားတက်အောင် ကြိုးစားနေပုံရပါတယ်။

ပေါက်ကြားနေတဲ့သတင်းအရ Galaxy Z Fold4 ရဲ့ ဒီဇိုင်းဟာ Z Fold3 နဲ့ တူညီမှာ ဖြစ်ပြီး ၇.၅၆ လက်မ အတွင်းဘက် မျက်နှာပြင်ပါလာမှာ ဖြစ်ကာ အပြင်ဘက် မျက်နှာပြင်က ၆.၁၉ လက်မ ဖြစ်မှာပါ။

Ref : gizmochina