ပြီးခဲ့တဲ့သီတင်းပတ်နောက်ဆုံးရက်တုန်းက Android Police မှာဖော်ပြခဲ့တဲ့ သတင်းတစ်ပုဒ်က စိတ်ဝင်စားစရာကောင်းပါတယ်။ Apple ဟာ ဈေးကွက်အရင်းအနှီး ဒေါ်လာ ၃ ထရီလီယံနီးပါးရှိတဲ့ ကုမ္ပဏီကြီးဖြစ်ပေမဲ့ သူ့ရဲ့ လက်လီအရောင်းဆိုင်ဝန်ထမ်းတွေကတော့ လုပ်ငန်းအောင်မြင်မှုအကျိုးအမြတ်အားလုံးကို ရရှိဖွယ်မရှိဘူးလို့ ဆိုထားတာပဲ ဖြစ်ပါတယ်။

ဒီအတွက်ကြောင့် US တစ်ဝန်းက Apple Stores အများအပြားကဝန်ထမ်းတွေဟာ သူတို့ရဲ့ Take-home pay နဲ့ပတ်သက်တဲ့ ပြဿနာတွေကိုအခြေခံပြီး စုစည်းဖို့ လျှို့ဝှက်စွာနဲ့ လုပ်ဆောင်နေကြတယ်လို့ ဖော်ပြထားပါတယ်။ ဒီလိုသဘောမတူညီမှုတွေကြောင့် US Apple Stores နှစ်ခုက ဝန်ထမ်းတွေဟာ အမျိုးသားအလုပ်သမားရေ:၇ာ ဆက်ဆံရေးဘုတ်အဖွဲ့ဆီကို တင်ပြမှုတွေပြုလုပ်နိုင်ဖို့ နိုင်ငံလုံးဆိုင်ရာ သမဂ္ဂတွေဆီက ပံ့ပိုးမှုတွေရရှိနေကြောင်း Tehe Washington Post နဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

ဒါ့အပြင် အခြားနေရာ ခြောက်ခုကလည်း ပေါင်းစည်းရေလုပ်ငန်းစဉ်မှာ အနည်းနဲ့အများပါဝင်ကူညီနေတယ်လို့ ဆိုပါတယ်။ Apple ရဲ့ နာရီအလိုက်နှုန်းထားတွေဟာ တူညီတဲ့ဒေသတွေမှာ အခြားလက်လီရောင်းချသူတွေပေးဆောင်တဲ့နှုန်းထားတွေနဲ့ကိုက်ညီပေမဲ့လည်း အဆိုပါအခြားကုမ္ပဏီအများစုက Apple လောက် ဝင်ငွေအများကြီးမရှိတဲ့အတွက် မကျေနပ်မှုတွေက ပိုပြီးကြီးထွားလာခြင်းဖြစ်တယ်လို့ ယူဆရပါတယ်။

နိုင်ငံတစ်ဝန်း ငွေကြေးဖောင်းပွမှုနဲ့ အိမ်ရာဈေးနှုန်းတွေမြင့်တက်လာခြင်းက ပြည်ထောင်စုဖွဲ့စည်းရေးဆိုင်ရာ ဆံဒးဖြတ်ချက်တွေကိုလည်း သက်ရောက်မှုရှိပြီး အလုပ်သမားအများစုဟာ သူတို့ရဲ့နာရီအလိုက်လုပ်ခတွေက မထေမိတော့ဘူးလို့ ခံစားနေကြရတာ ဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုမှာ Apple ရဲ့လက်တုံ့ပြန်မှုကိုရှောင်ရှားဖို့အတွက် သူတို့ရဲ့အထောက်အထားတွေကို ထုတ်မပြချင်သေးပေမဲ့ မီဒီယာတွေကိုတော့ ယုံကြည်စွာနဲ့ပြောဆိုခဲ့ကြတယ်လို့ သိရပါတယ်။

စတိုးမန်နေဂျာတွေရဲ့ ခိုးယူနားထောင်ခြင်းကိုရှောင်ရှားဖို့နဲ့ သူတို့ ဘယ်သူဘယ်ဝါဆိုတာကို မပေါ်လွင်တာသေချာဖို့အတွက် ဝန်ထမ်းတွေဟာ Encrypted chats တွေနဲ့ Android ဖုန်းတွေကို အသုံးပြုနေကြတယ်လို့ သတင်းထွက်ပေါ်နေတာပါ။ Apple ဟာ အမေရိကန်တစ်နိုင်ငံတည်းမှာတင် နေရာပေါင်း ၂၇၀ ကျော်ရှိပြီး လက်လီအရောင်းဝန်ထမ်း ခြောက်သောင်းခွဲကျော်ကို အလုပ်ခန့်ထားတယ်လို့ သိရပါတယ်။

Ref: Android Police