Samsung Galaxy A73 5G ကို အာဏာပိုင် အဖွဲ့အစည်းများစွာမှာ မှတ်ပုံတင်ထားပြီး သတင်းတွေ မကြာခဏ ပေါက်ကြားနေတဲ့အတွက် မကြာခင် ကြေညာနိုင်ပါတယ်။ အခုလည်း အမေရိကန် ဆက်သွယ်ရေး ကော်မရှင် (FCC) ကို ရောက်လာပြီ ဖြစ်ပါတယ်။

Samsung Galaxy A73 5G

FCC မှာ မော်ဒယ်နံပါတ်ကို SM-A736B, SM-A736B/DS  လို့ ဖော်ပြထားပြီး FCC ကို ရောက်လာတာ အစောပိုင်းပဲ ရှိသေးတဲ့ အတွက် အားသွင်းနှုန်းကလွဲကာ Specs အသေးစိတ်ကို မသိရသေးပါဘူး။ FCC မှာ 25W Fast Charging ပါလာမယ်လို့ ဖော်ပြထားပါတယ်။

Samsung Galaxy A73 5G

အရင်က ပေါက်ကြားခဲ့တဲ့ သတင်းတွေအရ Galaxy A73 5G မှာ ၆.၇ လက်မ FHD+ AMOLED မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်ပြီး 90Hz Refresh Rate ထောက်ပံ့ထားနိုင်ပါတယ်။ အရင်မျိုးဆက်လိုပဲ Punch Hole ၁ လုံး တပ်ဆင်ထားမှာ ဖြစ်ပြီး မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ ပါလာနိုင်ပါတယ်။

အနောက်ကင်မရာတွေအကြောင်း ပြောရရင် OIS ထောက်ပံ့တဲ့ 108MP Main ကင်မရာနဲ့ 12MP Ultrawide ကင်မရာတွေ ပါလာနိုင်ပါတယ်။ အဲဒီ ကင်မရာ ၂ လုံးနဲ့အတူ Telephoto နဲ့ Macro ကင်မရာတွေ အားဖြည့်ထားနိုင်ပါတယ်။

Samsung Galaxy A73 5G မှာ Snapdragon 7XX Chipset မောင်းနှင်ထားနိုင်ပြီး ဖြစ်နိုင်တာက Snapdragon 750G SoC ပါ။ 8GB RAM နဲ့ 128GB Storage ထည့်သွင်းထားနိုင်ပြီး အရွယ်ကြီး ဘက်ထရီနဲ့ Android 12 OS ပါလာနိုင်ပါတယ်။

Ref : gizmochina