Samsung Galaxy A33 5G ကို မကြာခင် ကြေညာတော့မယ်လို့ ထင်ပါတယ်။ မကြာခင်က Google Play Console မှာ တွေ့လာရပြီး အခုတော့ Geekbench ကို  ရောက်လာပါပြီ။ အဲဒီမှာ စမတ်ဖုန်းရဲ့ အဓိက Specs တွေကို ဖော်ပြထားပြီး မိတ်ဆက်ပွဲက နီးသထက်နီးလာပါပြီ။

Samsung A33 5G Geekbench

Samsung Galaxy A33 5G ရဲ့ မော်ဒယ်နံပါတ်ဟာ SM-A3360 ဖြစ်ပြီး Single-core စမ်းသပ်ချက်မှာ ၇၂၇ မှတ်နဲ့ Multi-core စမ်းသပ်ချက်မှာ ၁၈၅၂ မှတ်ရထားပါတယ်။ Processor ရဲ့ Codename က S5ee8825 ဖြစ်ပြီး Exynos 1200 Octa-core Chipset ဖြစ်ပါတယ်။ အခြေခံ Frequency က 2.00GHz ဖြစ်ပြီး 8GB RAM ထည့်သွင်းထားပါတယ်။

samsung galaxy a33 5g front(1)

Samsung ရဲ့ တခြား စွမ်းဆောင်ရည်သင့် စမတ်ဖုန်းတွေမှာလိုပဲ Samsung Galaxy A33 5G အတွက် 6GB RAM Version ကိုလည်း ထုတ်လုပ်ရောင်းချနိုင်ပါတယ်။ Android 12 OS မောင်းနှင်ထားပြီး Samsung One UI 4.0 အုပ်ထားနိုင်ပါတယ်။

Google Play Console မှာ ၆.၄ လက်မ Water-drop Notch မျက်နှာပြင်ပါလာမှာ ဖြစ်ပြီး Resolution က Full HD+ လို့ ဖော်ပြထားပါတယ်။ AMOLED Panel ဖြစ်နိုင်ပြီး ပေါက်ကြားသတင်းတွေအရ အနောက်ကင်မရာ ၄ လုံးက 48MP Main , 8MP Ultrawide, 5MP Macro နဲ့ 2MP Depth တွေ ဖြစ်နိုင်ပါတယ်။ 25W Fast Charging ထောက်ပံ့တဲ့ 5,000mAh ဘက်ထရီ ပါလာနိုင်ပါတယ်။

Ref : gizmochina