အခုချိန်ဟာ စမတ်ဖုန်းကုမ္ပဏီတွေကနေ Product အသစ်တွေကို မိတ်ဆက်နေကျ Mobile World Congress (MWC 2022) ပြုလုပ်နေတဲ့အချိန်ဖြစ်ပေမယ့် Xiaomi ကတော့ MWC မှာ စမတ်ဖုန်းအသစ် မိတ်ဆက်ခဲ့ခြင်းမရှိပါဘူး။ အဲ့ဒီအစား ယခုနှစ် MWC Event မှာ Poco ကနေပဲ Product အသစ်တွေကို မိတ်ဆက်သွားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း Xiaomi ဟာ လာမယ့်ရက်သတ္တပါတ်အတွင်းမှာ Global Launch တစ်ခုကို ပြုလုပ်သွားမယ်လို့ သတင်းတွေထွက်ပေါ်နေပြီဖြစ်ပါတယ်။ အဆိုပါသတင်းတွေအရ Xiaomi ကနေ လာမယ့် မတ်လ ၁၅ ရက်နေ့မှာ Xiaomi 12 Series ဖုန်းတွေကို Global စျေးကွက်အတွက် တရားဝင်မိတ်ဆက်သွားတော့မှာပဲဖြစ်ပါတယ်။

Xiaomi Mi 12 Series ကို Global မှာ မိတ်ဆက်သွားမယ်ဆိုပေမယ့်လည်း ဘယ်ဖုန်းတွေပါဝင်လာမလဲဆိုတာကိုတော့ လက်ရှိအချိန်အထိ မသိရှိရသေးပါဘူး။ ဖြစ်နိုင်ခြေများနေတာကတော့ လက်ရှိ တရုတ်နိုင်ငံစျေးကွက်မှာ မိတ်ဆက်ထားပြီးဖြစ်တဲ့ Xiaomi 12 ၊ Xiaomi 12 Pro နဲ့ Xiaomi 12X ဖုန်းတွေပါဝင်လာနိုင်ပြီး တခြားသော Xiaomi 12 Lite ၊ Xiaomi 12 Ultra ဖုန်းတွေကိုလည်း မြင်တွေ့ရနိုင်ပါတယ်။

အခုလိုမျိုး မိတ်ဆက်တဲ့အချိန်မှာလည်း Europe စျေးကွက်အပြင် India စျေးကွက်ကိုပါ မိတ်ဆက်လာနိုင်ခြေရှိပြီး Marketing ပြုလုပ်မှုတွေအရတော့ “Master Every Scene” လို့ ဖော်ပြထားတာကြောင့် Camera ပိုင်းကိုပဲ ဦးစားပေးသွားဖွယ်ရှိပါတယ်။ Performance ပိုင်းအရလည်း Xiaomi 12 ၊ 12 Pro ဖုန်းတွေဟာ Qualcomm Snapdragon 8 Gen 1 Chipset ကို အသုံးပြုထားပြီး Xiaomi 12X ဖုန်းမှာတော့ Snapdragon 870 Chipset ကိုပဲ အသုံးပြုထားတာဖြစ်ပါတယ်။

Ref – GSM Arena