realme ဟာ GT Neo3 ကို ဒီနှစ်ရဲ့ ဒုတိယနှစ်ဝက်မှာ မိတ်ဆက်လာမှာ ဖြစ်ပါတယ်။ အချိန်စောနေသေးတယ်ဆိုပေမဲ့ အခုတော့ Device ကို Geekbench ပေါ်မှာလည်း တွေ့မြင်လာရပါပြီ။ ဒါကြောင့် realme GT Neo3 ရဲ့ အဓိက Specs အချို့ကိုလည်း သိလာရပါပြီ။

Geekbench အရ realme GT Neo3 မှာ RMX3560 နဲ့ RMX3562 ဆိုပြီး ဗားရှင်းနှစ်မျိုးကို တွေ့မြင်ရပါတယ်။ RMX3562 ဟာ Android 12 (realme UI 3.0 နဲ့ဖြစ်နိုင်) မောင်းနှင်ထားသလို၊ 12GB RAM နဲ့ 2.85GHz clocked ရှိတဲ့ Cores လေးခု၊ 2 GHz clocked speed ရှိတဲ့ Cores လေးခုပါဝင်တဲ့ octa-core CPU ကို တွဲဖက်အသုံးပြုထားတာ တွေ့ရပါတယ်။ ဒါဟာ ဒီတစ်ပတ်အစောပိုင်းမှာကြေညာထားတဲ့ Dimensity 8100 SoC ပါပဲ။

Realme ဟာ GT Neo3 ကို Dimensity 8100 SoC တပ်ဆင်ပေးထားမှာဖြစ်ပြီး 150W အထိ အားသွင်းနိုင်တဲ့ ဘက်ထရီကိုလည်း ထောက်ပံ့ပေးထားမယ်လို့ အတည်ပြုပြီးသားလည်း ဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့ GT Neo3 နဲ့ပတ်သက်ပြီး အခြားအကြောင်းအရာတွေကို ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ပေမဲ့ TENAA အရ ဒီဟန်းဆက်ဟာ 6.7-inch FullHD+ AMOLED မျက်နှာပြင်ကို တပ်ဆင်ထားမယ်လို့ သိခဲ့ရပါတယ်။

ဒါ့အပြင် Under-display fingerprint reader နဲ့ 16MP selfie ကင်မရာကိုလည်း တပ်ဆင်ထားမယ်လို့ သိထားရပါတယ်။ ကျောဘက်မှာတော့ 50MP အဓိကကင်မရာကို 8MP, 2MP ယူနစ်တွေနဲ့အတူ တွဲဖက်ပြီး ကင်မရာသုံးလုံး ပါဝင်လားမယ်လို့ သိရပါတယ်။ RAM ကတော့ 8GB/12GB ဆိုပြီး နှစ်မျိုးတွေ့ရပြီး၊ သိုလှောင်မှုကိုတော့ 128GB/256GB/512GB ဆိုပြီး သုံးမျိုး စာရင်းသွင်းထားတာကို TENAA မှာ တွေ့မြင်ရပါတယ်။

RMX3560 နဲ့ RMX3562 တို့မှာ မတူညီတဲ့ ဘက်ထရီစွမ်းဆောင်ရည်နဲ့ မတူညီတဲ့ အားသွင်းမြန်နှုန်းကိုယ်စီနဲ့ ဖြစ်ပါတယ်။ ပထမတစ်မျိုးမှာက 4,500mAh ဘက်ထရီနဲ့ 150W အားသွင်းမြန်နှုန်းထောက်ပံ့ဖွယ်ရှိပြီး၊ နောက်တစ်မျိုးမှာတာ့ 5,000mAh ဘက်ထရီနဲ့ 80W အားသွင်းမြန်နှုန်းထောက်ပံ့မယ်လို့ ဆိုပါတယ်။
RMX3560 မှာ Snapdragon 888 SoC ပါဝင်မယ်လို့ ကောလာဟလတွေထွက်ထားပေမဲ့ ဒီမော်ဒယ်ကို Geekbench ဒါမှမဟုတ် AnTuTu လို နေရာမျိုးမှာမတွေ့ရသေးတာကြောင့် အတည်ပြုနိုင်ခြင်း မရှိသေးတာပဲ ဖြစ်ပါတယ်။

Ref: GSM Arena