နောက်ဆုံးမှာတော့ ၂၀၂၂ ခုနှစ်အတွက် Apple ရဲ့ iPhone SE အသစ်တွေဟာ ဈေးကွက်ထဲကို ရောက်ရှိလို့လာပါပြီ။ ၂၀၂၀ ပြည့်နှစ်တုန်းက နောက်ဆုံး Touch ID တပ်ဆင်ထားတဲ့ iPhone တုန်းကတော့ ရိုးရှင်းတဲ့ စာနယ်ဇင်းမိတ်ဆက်မှုပဲ ပြုလုပ်ခဲ့ပေမဲ့ အခုတော့ မတူညီတဲ့ပုံစံနဲ့ မိတ်ဆက်လာတာဖြစ်ပါတယ်။

2022 iPhone SE ကို သင့်လျော်တဲ့ မီဒီယာမိတ်ဆက်မှုနဲ့အတူ ဈေးကွက်ထဲကို စတင်စေလိုက်ပါတယ်။ iPhone SE တွေဟာ ဈေးသက်သာတဲ့အစဉ်အလာရှိတဲ့အတိုင်း 2022 iPhone SE ကလည်း Apple ရဲ့ ဈေးအသက်သာဆုံး 5G iPhone ဖြစ်လာခဲ့ပါတယ်။ မတ်လ ၈ ရက်နေ့ပွဲအပြီးကတည်းက ဝယ်ယူဖို့စောင့်ဆိုင်းခဲ့ရတဲ့ iPhone SE အသစ်ဟာ အခုအချိန်မှာတော့ Pre-order တင်လို့ရနေပါပြီ။

2022 iPhone SE 5G ကို ကြိုတင်မှာယူလိုသူတွေအနေနဲ့ သြစတြေးလျ၊ ကနေဒါ၊ တရုတ်၊ ပြင်သစ်၊ ဂျာမနီ၊ အိန္ဒိယ၊ ဂျပန်၊ ဗြိတိန်၊ အမေရိကန်အပါအဝင် နိုင်ငံပေါင်း ၃၀ က Apple နဲ့ အခြားလက်လီအရောင်းဆိုင်တွေမှာ သတ်မှတ်ချက်တွေအတိုင်း မှာယူနိုင်မှာ ဖြစ်ပါတယ်။ ဈေးနှုန်းတွေကတော့ −
iPhone SE 64GB price: $429 (၇ သိန်း ၆ သောင်း ဝန်းကျင်)
iPhone SE 128GB price: $479 (၈ သိန်းခွဲ ဝန်းကျင်)
iPhone SE 256GB price: $579 (၁၀ သိန်း ၃ သောင်း ဝန်းကျင်) တို့ပဲ ဖြစ်ပါတယ်။

iPhone SE 64GB မော်ဒယ်ဟာ ဈေးအချိုဆုံးဖြစ်ပေမဲ့ 4K ဗီဒီယိုရိုက်ကူးမှုများတဲ့သူတွေအတွက်တော့ နည်းပါးတဲ့သိုလှောင်မှုပမာဏလို့ ဆိုနိုင်ပါတယ်။ A15 chipset အသစ်နဲ့ 5G modem တို့ကလွဲပြီး အခြားအဆင့်မြှင့်တင်မှုတွေမရှိဘူးလို့ ဆိုနိုင်ပေမဲ့ A15 က iPhone 13 ဆီယူဆောင်လာတဲ့ Photographic Styles ဒါမှမဟုတ် Smart HDR 4 algorithms ကို လက်ရှိ iPhone SE (2022) မှာ အသုံးပြုနိုင်မယ်ဆိုတာကတော့ ကျေနပ်စရာကောင်းတဲ့ အချက်ဖြစ်ပါလိမ့်မယ်။

Ref: PhoneArena