Xiaomi က Redmi K50 Gaming ကို ဒီနှစ် အစောပိုင်းမှာ ကြေညာပြီးနောက် အခုတော့ Redmi K50 နဲ့ K50 Pro ကို ချပြလိုက်ပါပြီ။ ဖုန်း ၂ လုံးဟာ ကိုယ်ထည်နဲ့ Specs အများစု တူညီကြပေမယ့် Pro မှာ ပိုကောင်းတဲ့ ကင်မရာတွေ၊ ပိုမြန်တဲ့ အားသွင်းနှုန်းနဲ့ ပိုလန်းတဲ့ Chipset ထည့်သွင်းထားသလို 512GB Storage အထိ ရွေးချယ်နိုင်ပါတယ်။
Redmi K50 Pro မှာ MediaTek Dimensity 9000 Chipset မောင်းနှင်ထားပြီး TSMC ရဲ့ 4nm Process နဲ့ တည်ဆောက်ထားပါတယ်။ ၇ လွှာ Vapor Chamber Cooling စနစ် ထည့်သွင်းထားပါတယ်။ K50 မှာ Dimensity 8100 Chipset မောင်းနှင်ထားပါတယ်။
K50 ဖုန်း ၂ လုံးစလုံးမှာ ၆.၇ လက်မ AMOLED QHD+ 3200x1440p မျက်နှာပြင် ပါလာပြီး 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ မျက်နှာပြင်တွေကို Gorilla Glass Victus နဲ့ ကာကွယ်ထားပြီး 20MP Sony IMX596 ဆဲလ်ဖီး ကင်မရာ ထည့်သွင်းထားပါတယ်။
K50 Pro မှာ 108MP Main (OIS) , 8MP Ultrawide ,2MP Macro ကင်မရာ ၃ လုံးနဲ့ K50 မှာ 48MP (OIS) , 8MP Ultrawide , 2MP Macro ကင်မရာ ၃ လုံး တပ်ဆင်ထားပါတယ်။
ဖုန်း ၂ လုံးစလုံးမှာ MIUI 13, NFC နဲ့ Bluetooth 5.3 ထောက်ပံ့ထားပါတယ်။ K50 Pro မှာ 5,000mAh ဘက်ထရီနဲ့ 120W Charging ပါလာပြီး ၁၉ မိနစ်အတွင်း ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။ K50 မှာ 5,500mAh ဘက်ထရီနဲ့ 67W Charging ပါလာပါတယ်။
Redmi K50 Series အတွက် အရောင် ၄ မျိုး ထုတ်လုပ်ထားပြီး အနက်ရောင်မှာ တောက်ပတဲ့ Ice-Crystal Elements တွေပါတဲ့ Nano-microcrystalline အနောက် ဒီဇိုင်း သုံးထားပါတယ်။ ကျန်တဲ့ အရောင်တွေက အစိမ်း၊ ငွေနဲ့ အပြာတွေ ဖြစ်ပါတယ်။
တန်ဖိုးအနည်းဆုံး မော်ဒယ် အနေနဲ့ Redmi K50 Pro 8GB /128GB ကို ၂,၉၉၉ ယွမ်နဲ့ Redmi K50 8GB/128GB ကို ၂,၃၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၈၃၀,၀၀၀ နဲ့ ၆၆၀,၀၀၀ ဝန်းကျင် အသီးသီး ကျသင့်ပါတယ်။
Ref : gsmarena