Samsung က Galaxy Awesome Unpacked Event မှာ Galaxy A73 5G ကို ကြေညာလိုက်ပါတယ်။ ၆.၇ လက်မ FHD+ Super AMOLED 120Hz Infinity-O မျက်နှာပြင် တပ်ဆင်ထားပြီး ဘေးဘောင်တွေက ပါးလွှာလှပပါတယ်။

Samsung Galaxy A73 5G

Octa-core Processor ပါတဲ့ Snapdragon 778G Chipset မောင်းနှင်ထားပြီး 1TB microSD Card စိုက်နိုင်ပါတယ်။ နားကြပ်ပေါက် မပါလာဘဲ Android 12 အခြေပြု OneUI 4.1 မောင်းနှင်ထားပါတယ်။ 25W Fast Charging ထောက်ပံ့တဲ့ 5,000mAh ဘက်ထရီ တပ်ဆင်ထားပြီး ဘူးထဲမှာ Charger မပါလာပါဘူး။

Samsung Galaxy A73 5G

Galaxy A73 5G မှာ ပင်မ ကင်မရာ အနေနဲ့ OIS ထောက်ပံ့တဲ့ 108MP ကို သုံးထားပြီး 12MP Ultrawide, 5MP Macro , 5MP Depth ကင်မရာတွေနဲ့ အားဖြည့်ထားပါတယ်။ Samsung က ပင်မ ကင်မရာဟာ 3x Hybrid Zoom နဲ့ 10x Digital Zoom ကို ထောက်ပံ့တယ်လို့ ပြောပါတယ်။ ဆဲလ်ဖီး ကင်မရာအတွက် 32MP ကို အသုံးပြုထားပါတယ်။

6/8GB RAM နဲ့ 128/256GB Storage တွေ ရွေးချယ်နိုင်ပြီး Samsung က ဈေးနှုန်းကို မပြောသေးဘဲ ဧပြီလ ၂၂ ရက်နေ့က စတင်ကာ နိုင်ငံ အချို့မှာ ရောင်းမယ်လို့ ပြောပါတယ်။ Black , White, Blue, Peach နဲ့ Mint ၅ ရောင် ထုတ်လုပ်ပေးထားပါတယ်။

Ref : gizmochina