Cryptocurrency အရောင်းအဝယ် ပြုလုပ်တဲ့ My Digital Money(MDM) က အာရှ ဒဏ္ဍာရီလာ သတ္တဝါတွေကို အခြေပြုဖန်တီးထားတဲ့ Aswang အမည်ရ ပထမဆုံး ရုပ်ပြ ဝတ္ထု NFT ကို Bitcoin 2022 မှာ ရောင်းချမယ်လို့ ကြေညာလိုက်ပါတယ်။ ဧပြီလ မိုင်ယာမီမှာ ပြုလုပ်မယ့် Bitcoin Conference အတွင်း အကောင့် အသစ်ဖွင့်ပြီး ဒေါ်လာ ၁၀၀၀ ထည့်သွင်းသူတွေကို ဒေါ်လာ ၅၀ လက်ဆောင်ပေးမယ်လို့လည်း MDM က ကြေညာလိုက်ပါတယ်။
MDM ဟာ 0.5 Ethereum တန်ကြေးရှိတဲ့ NFT ရာပေါင်းများစွာကို Customer အသစ်တွေကို ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ အဲဒီ ဒစ်ဂျစ်တယ် အနုပညာလက်ရာတွေကို MDM ဈေးကွက် မန်နေဂျာ Fairlane Raymundo က ဖန်တီးထားတာ ဖြစ်ပြီး အာရှ ဒဏ္ဍာရီလာ သတ္တဝါတွေကို အခြေပြုထားတာ ဖြစ်ပါတယ်။
MDM ဥက္ကဌ Guy Gotslak က “ Crypto ဝါသနာရှင်တွေနဲ့ အလုပ်လုပ်ရတာ စိတ်လှုပ်ရှားစရာကောင်းပြီး ပထမဆုံး ရုပ်ပြ ဝတ္ထု NFT ကို ရောင်းချသွားမှာ ဖြစ်ပါတယ်။ အာရှ ဒဏ္ဍာရီလာ သတ္တဝါတွေကို အခြေပြုထားတဲ့ ပထမဆုံး NFT ဖြစ်ပြီး အချိန်ကြာလာတာနဲ့အမျှ တန်ဖိုးတက်လာမှာ ဖြစ်ပါတယ်။ Crypto မှာ လိမ္မာပါးနပ်စွာ ရင်းနှီးမြှပ်နှံနိုင်မယ့် နည်းလမ်းတွေကို လူထောင်ပေါင်းများစွာအား ကျွန်တော်တို့ သင်ကြားပေးပြီးပါပြီ။ “ လို့ ပြောပါတယ်။
သမိုင်းမှာ အကြီးမားဆုံး Bitcoin Event ဖြစ်တဲ့ Bitcoin 2022 Miami Beach Conference ကို ဧပြီလ ၆ ရက်ကနေ ၉ ရက်အတွင်း ကျင်းပမှာ ဖြစ်ပြီး အဲဒီပွဲမှာ MDM က NFT တွေ ရောင်းချမှာ ဖြစ်ပါတယ်။
Ref : prnewswire