ပြီးခဲ့တဲ့ရက်ပိုင်းက ထွက်လာတဲ့ သတင်းအရ Apple ဟာ ၂၀၂၃ ခုနှစ်မှာ ၁၅ လက်မ MacBook Air အသစ်ကို ကြေညာမယ်လို့ သိရပါတယ်။ အရင်ကလည်း အလားတူ သတင်းတွေထွက်ခဲ့ဖူးပါတယ်။ ဒါပေမယ့် အခုတော့ Apple အရေး လေ့လာဆန်းစစ်ရာမှာ နာမည်ကြီးတဲ့ Ming-Chi Kuo က အဲဒီ လက်ပ်တော့ အသစ်ဟာ Air နဲ့ တူညီချက် တချို့ ရှိမှာ ဖြစ်ပေမယ့် Air မဟုတ်ဘူးလို့ သတင်းပေးလာပါတယ်။
သူက Apple ဟာ အဲဒီ လက်ပ်တော့ကို ၂၀၂၃ ခုနှစ် ကွာတား ၄ ဖြစ်တဲ့ အောက်တိုဘာလနဲ့ ဒီဇင်ဘာလအတွင်းမှာ စတင် ထုတ်လုပ်မှာ ဖြစ်ပြီး Air မှာလိုပဲ တူညီတဲ့ 30W Charger ကို အသုံးပြုထားမယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။ အဲဒီအတွက် ဈေးနှုန်းချိုသာတဲ့ MacBook Series ရဲ့ တစ်စိတ်တစ်ပိုင်း အနေနဲ့ အဲဒီ လက်ပ်တော့ကို ထုတ်လုပ်ရောင်းချတာ ဖြစ်နိုင်ပါတယ်။
Power Supply သေးငယ်တာကို ကြည့်ပြီး ဆုံးဖြတ်ရရင် MacBook Pro လို့ အဲဒီ လက်ပ်တော့ကို နာမည်ပေးထားမှာ မဟုတ်ဘူး ဆိုတာ သေချာပါတယ်။ အရင်သတင်းတွေအရ ဒီဇိုင်း လုံးဝ ဆန်းသစ် ပြောင်းလဲထားမှာ ဖြစ်ပြီး Pro Series တွေနဲ့ တူညီမယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ Display Supply Chain အကြံပေး တစ်ယောက်က Apple ဟာ ၂၀၂၃ ခုနှစ်မှာ ၁၅ လက်မ MacBook Air ကို ကြေညာမယ်လို့ သတင်းပေးခဲ့ပြီး အခုတော့ Apple အရေး လေ့လာဆန်းစစ်ရာမှာ နာမည်ကြီးတဲ့ Ming-Chi Kuo က အဲဒီ သတင်းဟာ မှားနေတယ်လို့ ထောက်ပြလိုက်တာ ဖြစ်ပါတယ်။
Ref : gsmarena