Xiaomi 12 Pro နဲ့ 12X တို့ဟာ Geekbench ရဲ့ Benchmark စာရင်းကနေ မကြာခင် ဖယ်ရှားခံရတော့မှာပါ။ Geekbench က Xiaomi ဟာ ရမှတ်များစေဖို့ စမတ်ဖုန်းတွေရဲ့ စွမ်းဆောင်ရည်ကို လှည့်စားခဲ့တယ်လို့ ပြောပါတယ်။

Xiaomi 12 Pro

အဲဒီ စမတ်ဖုန်း ၂ လုံးကို စမ်းသပ်ကြည့်တဲ့အခါမှာ Benchmarking သို့မဟုတ် Gaming Application တွေကို ဖွင့်တဲ့အခါ စွမ်းဆောင်ရည် ပိုကောင်းတာကို တွေ့ရပါတယ်။ တခြား Application တွေကို ဖွင့်တဲ့အခါမှာတော့ စွမ်းဆောင်ရည် ကျဆင်းသွားတာ မြင်ရပါတယ်။ Xiaomi ဟာ ဖွင့်တဲ့ Application အပေါ်မူတည်ပြီး Performance Profile များစွာကို ဖန်တီးထားပါတယ်။ 12 Pro မှာ ပါတဲ့ Snapdragon 8 Gen 1 ဟာ Gaming သို့မဟုတ် Benchmarking Application တွေကို မဖွင့်တဲ့အခါမှာ စွမ်းဆောင်ရည် ကျဆင်းနေတာ တွေ့ရပါတယ်။

Xiaomi 12 Pro, Xiaomi 12, Xiaomi 12X Smartphones

Chrome နဲ့ Netflix တို့လို Application တွေကို ဖွင့်တဲ့အခါ စွမ်းဆောင်ရည်ဟာ ၅၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားပါတယ်။ Snapdragon 888 Chipset ထည့်သွင်းထားတဲ့ Xiaomi 12X မှာလည်း အလားတူ ပုံစံမျိုးကိုပဲ တွေ့ရပါတယ်။

Geekbench က အဲဒီ ဖုန်း ၂ လုံးကို ဒီတစ်ပတ်ကုန်မှာ ဒေတာဘေ့စ်ကနေ ဖယ်ရှားတော့မှာပါ။ “ App Performance ကို လျှော့ချခြင်းဖြင့် သုံးစွဲသူတွေကို အမြင်မှားအောင်ပြုလုပ်တဲ့ နောက်ထပ် ဖုန်း ထုတ်လုပ်သူကို မြင်တွေ့ရတာ စိတ်ပျက်စရာပါ။ တခြား Xiaomi ဖုန်းတွေမှာ ဒီပြဿနာရှိသလားဆိုတာ စစ်ဆေးမှာဖြစ်ပြီး အဲဒီ ဖုန်းတွေကို ဖယ်ရှားမှာပါ။ “ လို့ ပြောပါတယ်။

Samsung ဟာလည်း အလားတူ လှည့်စားမှုမျိုး ပြုလုပ်ခဲ့တဲ့ သတင်းတွေ ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်က ထွက်ခဲ့ပါတယ်။ Samsung ဟာ ဖွင့်တဲ့ Application အပေါ် မူတည်ကာ စွမ်းဆောင်ရည်ကို အတိုး ၊ အလျှော့ပြုလုပ်ထားတာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ Samsung က အဲဒီနောက်မှာ ဒီပြဿနာကို ဖြေရှင်းပေးမယ်လို့ ကတိပေးခဲ့ပြီး Xiaomi ကလည်း အလားတူ ပြုလုပ်ပေးလာနိုင်ပါတယ်။

Ref : gizchina