Android 13 Developer Preview ကို တရားဝင် ကြေညာထားပြီ ဖြစ်ပြီး Google Pixel ဖုန်းတွေမှာ စမ်းသပ်နိုင်ပါပြီ။ အခုတော့ Samsung ဟာ Android 13 အခြေပြု One UI 5.0 ကို ဖန်တီးနေပြီလို့ သတင်းထွက်လာပါတယ်။ Samsung ဟာ ဇူလိုင်လမှာ One UI 5.0 Beta Version နဲ့ ၂၀၂၂ ခုနှစ် နှောင်းပိုင်းမှာ Official Version ကို ဖြန့်ချိနိုင်ပါတယ်။

ထုံးစံအတိုင်းပဲ Samsung ရဲ့ စွမ်းရည်မြင့် ဖုန်းတွေမှာ One UI 5.0 ကို အရင်ရကြမှာပါ။ ဥပမာအားဖြင့် Galaxy S22 Series, Galaxy Z Fold4, Galaxy Z Flip4 နဲ့ တခြား မော်ဒယ်တွေမှာ အရင်ဆုံး ထည့်သွင်းပေးမှာ ဖြစ်ပြီး Android 13 ရဲ့ အကြီးမားဆုံး ပြောင်းလဲမှုက Folding Screen နဲ့ တက်ဘလက်တွေလို အရွယ်ကြီး Device တွေမှာ အသုံးပြုလို့ကောင်းအောင် ဖန်တီးပေးထားတာပါ။ Google က Interface ဒီဇိုင်းကို အားဖြည့်ပေးထားပြီး အရွယ်အစား မျိုးစုံရှိတဲ့ Android Device တွေမှာ Apps တွေကို အသုံးပြုလို့ ပိုကောင်းလာစေမှာပါ။

Android 13

Google ဟာ Android 13 ကို မေလမှာ ပြုလုပ်မယ့် I/O Developer Conference မှာ ကြေညာမှာ ဖြစ်ပြီး Android 13 ထည့်သွင်းထားတဲ့ စမတ်ဖုန်းကို ဒီနှစ် ဒုတိယနှစ်ဝက်မှာ မိတ်ဆက်မယ်လို့ သတင်းထွက်နေပါတယ်။

One UI 5.0 အပြင် Samsung ဟာ နောက်ထွက်မယ့် Foldable Device တွေအတွက် One UI 4.1.1 ကိုပါ ဖန်တီးနေပါတယ်။ One UI 4.1.1 ကိုတော့ Samsung ရဲ့ စမတ်ဖုန်း အနည်းငယ်အတွက်ပဲ ဖြန့်ချိပေးသွားမှာ ဖြစ်ပါတယ်။

Ref : gizchina