Tony Hawk ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ရောင်းချခဲ့တဲ့ “Last Trick” NFT Collection မှာ သူ သုံးခဲ့တဲ့ Skateboard တွေနဲ့တွဲရောင်းမယ့် NFT Collection အသစ်ကို ကြေညာလိုက်ပါတယ်။ “Last Trick” NFT Collection ကို ၇ ကြိမ် Super Bowl ချန်ပီယံဖြစ်ခဲ့တဲ့ Tom Brady တည်ထောင်ထားတဲ့ Autograph NFT Marketplace ကနေ ရောင်းချခဲ့တာပါ။
Hawk က Last Trick Skateboard တွေနဲ့တွဲရောင်းမယ့် NFT ကို ပြီးခဲ့တဲ့ စနေနေ့က ကြေညာခဲ့တာ ဖြစ်ပြီး Garry DeBoer ဆိုသူကို သူ့ရဲ့ Frontside Cab Board ကို ပေးဖို့ ရွေးချယ်ခဲ့တယ်လို့ ပြောပါတယ်။
Autograph ကလည်း စနေနေ့မှာ “ Autograph Collector Garry DeBoer အတွက် ဂုဏ်ယူပါတယ်။ Tony Hawk ရဲ့ သမိုင်းမှတ်တိုင် ၁ ခုကို သင် ပိုင်သွားပါပြီ။ Tony သုံးခဲ့တဲ့ ကျန်တဲ့ Board တွေကို နောက် ၁ ပတ် အင်္ဂါနေ့မှာ လေလံတင် ရောင်းချမှာပါ။ “ လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။
လက်မှတ်ထိုးထားတဲ့ Finger Flip Skateboard ၊ Gynmast Plant Skateboard ၊ Magic Dance Skateboard နဲ့ Varial 540 Skateboard တို့ကို အင်္ဂါနေ့မှာ ရောင်းချမှာ ဖြစ်ပါတယ်။
Hawk ရဲ့ NFT တွေဟာ Wayne Gretsky, Derek Jeter, Tom Brady နဲ့ Simone Biles တို့လို နာမည်ကြီး အားကစားသမားတွေလိုပဲ Autograph ပလက်ဖောင်းမှာ နာမည်ကြီးနေပါတယ်။
Ref : news.bitcoin