Xiaomi ကနေ India နိုင်ငံအတွက် Redmi 10 Power စမတ်ဖုန်းကို တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ Redmi 10 Power ဖုန်းဟာ အစောပိုင်းက မိတ်ဆက်ထားပြီးဖြစ်တဲ့ Redmi 10 စမတ်ဖုန်းကိုမှ Design ပိုင်းအနည်းငယ်ပြောင်းလဲထားတယ်လို့ တောင်ပြောနိုင်ပါတယ်။
အဓိကပြောင်းလဲမှုအနေနဲ့ကတော့ Redmi 10 Power စမတ်ဖုန်းမှာ ရရှိနိုင်တဲ့ Sporty Orange နဲ့ Power Black အရောင် ၂ မျိုးစလုံးကို Leather Texture Back Design နဲ့ ထုတ်ပေးထားတာဖြစ်ပါတယ်။ ဒါက ယခင်တုန်းက Redmi 10 ဖုန်းမှာပါဝင်တဲ့ ပုံမှန် Stripped Pattern Design နဲ့ယှဥ်ရင် သိသိသာသာကို ပြောင်းလဲသွားမှာဖြစ်ပါတယ်။
နောက်ထပ်ပြောင်းလဲမှုအနေနဲ့ကတော့ RAM ကို 8GB အထိရွေးချယ်နိုင်မှာပဲဖြစ်ပါတယ်။ Storage အနေနဲ့ကတော့ 128GB ပဲပါဝင်မှာဖြစ်ပြီး MicroSD Card ကနေတစ်ဆင့် ထပ်ပြီးတိုးချဲ့နိုင်မှာပါ။ Chipset အနေနဲ့ကတော့ Qualcomm Snapdragon 680 Chipset ကိုပဲ ဆက်လက်အသုံးပြုထားတယ်လို့ သိရပါတယ်။
ကျန်တဲ့ Specification တွေကတော့ Gorilla Glass 3 Protection ပါဝင်တဲ့ 6.7″ IPS LCD HD+ Display ၊ 50MP + 2MP Depth Sensor ပါဝင်တဲ့ Dual Back Camera Setup ၊ 5MP Selfie Camera ၊ 18W Fast Charging Support ပြုလုပ်တဲ့ 6000mAh Battery တွေပါဝင်မှာဖြစ်ပါတယ်။ စျေးနှုန်းအနေနဲ့ Redmi 10 Power ဖုန်းဟာ ₹14,999 (မြန်မာငွေ ၃ သိန်း ၇ သောင်းဝန်းကျင်) ကျသင့်မှာဖြစ်ပါတယ်။
Ref – GSM Arena