Apple ဟာ ဒီကွာတား ဖြစ်တဲ့ ဧပြီလကနေ ဇွန်လအတွင်း iPhone 13 Pro နဲ့ iPhone 13 Pro Max တို့ကို တိုးမြှင့်ထုတ်လုပ်နေတယ်လို့ The Elec က သတင်းပေးလာပါတယ်။ iPhone 13 Series ထဲမှာ တန်ဖိုး အမြင့်ဆုံး ဖြစ်တဲ့ Pro Series ဟာ ထင်ထားတာထက် ဝယ်လိုအားများနေတဲ့အတွက် အခုလို တိုးမြှင့်ထုတ်လုပ်တာ ဖြစ်ပါတယ်။
ဒီနှစ် ပထမ ကွာတား ဖြစ်တဲ့ ဇန်နဝါရီလကနေ မတ်လအတွင်း Apple ဟာ အရွယ်အစား ပိုသေးတဲ့ iPhone 13 Pro အလုံးရေ ၁ သန်းနဲ့ အရွယ်အစား ပိုကြီးတဲ့ iPhone 13 Pro Max အလုံးရေ ၃.၅ သန်း ထုတ်လုပ်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် ဒုတိယကွာတား ဖြစ်တဲ့ ဧပြီလကနေ ဇွန်လအတွင်းမှာ iPhone 13 Pro အတွက် အမှာစာ ၈ သန်းနဲ့ iPhone 13 Pro Max အတွက် ၆.၅ သန်း ရရှိခဲ့ပါတယ်။
အဲဒီ ပမာဏဟာ ပထမ ကွာတားထက် ၁၀ သန်း ပိုမိုများပြားပါတယ်။ iPhone 13 Series ရဲ့ ပျမ်းမျှရောင်းဈေးတိုးတက်လာမှာ ဖြစ်တဲ့အတွက် Apple အတွက် သတင်းကောင်း ဖြစ်ပြီး ရင်းနှီးမြှပ်နှံသူတွေဟာလည်း အပိုဝင်ငွေတွေရကြမှာ ဖြစ်ပါတယ်။
အခြား သတင်း ၁ ပုဒ်က iPhone 13 ရောင်းအား ၁၀ ရာခိုင်နှုန်း တိုးတက်လာပြီး Apple ရဲ့ Suppliers တွေဟာ ဝင်ငွေ တိုးတက်လာနေတယ်လို့ ပြောတဲ့အတွက် အခု သတင်းနဲ့ ကိုက်ညီနေပါတယ်။
Ref : gsmarena