Gabriel Dean Roberts (AKA GDR) က NFT အကြောင်း လူတွေ ပိုသိလာစေဖို့ ပြုလုပ်နေပြီး ဒီလ ၂၉ ရက်နေ့မှာ NFT ၂၄,၀၀၀ ကို နာမည်ကြီး Collectible Site ဖြစ်တဲ့ Rarible ကနေ အခမဲ့ ပေးမှာ ဖြစ်ပါတယ်။ Collector တွေဟာ နာမည်ကြီး Vogue ဓါတ်ပုံဆရာရဲ့ NFT တွေကို ပိုင်ဆိုင်နိုင်မယ့် အခွင့်အရေးရမှာ ဖြစ်ပြီး GDR ရဲ့ ၂၀၂၁ ခုနှစ်က NFT တွေဟာ လူသိများတဲ့ NFT ပလက်ဖောင်း ၁ ခုမှာ ရောင်းအား အကောင်းဆုံး နံပါတ် ၇ နေရာကို ချိတ်ခဲ့ပါတယ်။

This Friday, Vogue Photographer, GDR Is Giving Away 24,000 NFTs | IQ Stock Market

Collector တွေဟာ Rarible ကို သွားကာ NFT တွေကို ရယူနိုင်မှာ ဖြစ်ပါတယ်။ GDR က “ တွစ်တာမှာ @gdrtweets ကို Follow လုပ်ပြီး ဒီ ပွဲအကြောင်း Retweet လုပ်တဲ့ သူတွေဟာ ကျွန်တော့်ရဲ့ NFT တွေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

Exclusive: Why Vogue Singapore and other fashion magazines are minting NFTs | Vogue Business

သူက “ NFT ၂၄,၀၀၀ ကို ၁ ရက်အတွင်း ပေးမှာ ဖြစ်ပြီး 24k in 24 hours အိုင်ဒီယာဟာ NFT ပေးမယ့် အချိန်ကို လူတွေ သိနားလည်စေတဲ့အတွက် ကောင်းပါတယ်။ ကျွန်တော့် NFT တွေဟာ အချိန်ကာလကြာလာတာနဲ့အမျှ တန်ဖိုးတက်လာမယ်လို့ မျှော်လင့်ပါတယ်။ “ လို့ ရှင်းပြပါတယ်။

GDR ရဲ့ NFT ၂၄,၀၀၀ ကို ဧပြီလ ၂၉ ရက်နေ့ နေ့လည် ၂ နာရီကစပြီး ၂၄ နာရီအတွင်း အခမဲ့ ပေးမှာ ဖြစ်ပြီး ကျန်ရှိတဲ့ NFT တွေကို ပယ်ဖျက်မှာ ဖြစ်ပါတယ်။

Ref : einnews