Samsung ဟာ Foldable ဖုန်းတွေကို Galaxy Z Fold Series နဲ့ Z Flip Series ဆိုပြီး ၂ မျိုးထုတ်လုပ်နေတာဖြစ်ပါတယ်။ အခုနှစ်မှာလည်း Samsung ကနေ Galaxy Z Fold4 နဲ့ Galaxy Z Flip4 Foldable ဖုန်းတွေကို မိတ်ဆက်ဖို့က သေချာသလောက်ဖြစ်နေပါပြီ။

နောက်ဆုံးထွက်ရှိလာတဲ့ သတင်းတစ်ခုအရတော့ Samsung ရဲ့ Compact Foldable ဖုန်းတစ်လုံးဖြစ်တဲ့ Galaxy Z Flip4 စမတ်ဖုန်းရဲ့ Battery Size ကို သိရှိလာရတာပဲဖြစ်ပါတယ်။ ယခုသတင်းကို Dutch သတင်း Media တစ်ခုဖြစ်တဲ့ GalaxyClub ကနေ ဖော်ပြခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့ ဖော်ပြချက်အရ Samsung Galaxy Z Flip4 (SM-F721) ဖုန်းမှာ Battery ၂ မျိုးပါဝင်မှာဖြစ်ပြီး Battery Model တွေအနေနဲ့ EB-BF721ABY နဲ့ EB-BF722ABY ဖြစ်မယ်လို့ သိရပါတယ်။ အဆိုပါ Battery ၂ မျိုးဟာ အပေါ်၊ အောက် တစ်ပိုင်းစီခွဲထားတာဖြစ်ပြီး တစ်ခုမှာ 2400mAh နဲ့ နောက် Battery တစ်လုံးမှာ 903mAh ပါဝင်မှာဖြစ်ပါတယ်။ ဒါကြောင့် Galaxy Z Flip4 ရဲ့ Rated Battery Capacity ဟာ 3303mAh ဖြစ်လာမှာပါ။

ဒီအတွက် Samsung ကနေ Typical Battery Size အနေနဲ့ Galaxy Z Flip4 ဖုန်းကို 3400mAh အထိ တိုးမြှင့်လာမှာဖြစ်ပါတယ်။ ဒါက ယခင်တုန်းက Galaxy Z Flip3 ရဲ့ Typical Battery Size ဖြစ်တဲ့ 3300mAh ထက် အနည်းငယ်ပိုများမှာပါ။

ဘာပဲဖြစ်ဖြစ် Samsung Galaxy Z Flip4 စမတ်ဖုန်းဟာ Battery ပိုင်းမှာ အနည်းငယ်ပိုများလာသလို တခြားဘယ်အပိုင်းတွေမှာလည်း ပြောင်းလဲမှုတွေပြုလုပ်လာမလဲဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Ref – GSM Arena