iQOO ဟာ တရုတ်မှာ Neo6 SE ကို မေလ ၆ ရက်နေ့ ကြေညာတော့မှာ ဖြစ်ပြီး ကုမ္ပဏီဟာ အဲဒီ ဖုန်းရဲ့ အဓိက Specs တွေကို လူမှုကွန်ရက်တွေကနေ အသိပေးနေပါတယ်။ အခုလည်း အဲဒီ စမတ်ဖုန်းရဲ့ မျက်နှာပြင် သတင်းအချက်အလက်တွေကို မျှဝေလိုက်ပါတယ်။
iQOO Neo6 SE မှာ Samsung ရဲ့ E4 OLED မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး 120Hz Refresh Rate နဲ့ 1,300 nits Peak Brightness ထောက်ပံ့ထားမှာ ဖြစ်ပါတယ်။ HDR10+ ထည့်သွင်းထားပြီး Resolution မသိရသေးတဲ့ ဆဲလ်ဖီး ကင်မရာ ၁ လုံးအတွက် မျက်နှာပြင် အထက် အလယ်မှာ Punch Hole ၁ ခု တပ်ဆင်ထားပါတယ်။
iQOO က မျက်နှာပြင်ရဲ့ Resolution နဲ့ အရွယ်အစားကို မပြောသေးပေမယ့် အရင်က ပေါက်ကြားသတင်းတွေအရ ၆.၆၂ လက်မ FullHD+ မျက်နှာပြင် ဖြစ်နိုင်ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်က ကြေညာခဲ့တဲ့ ရိုးရိုး Neo6 နဲ့ တူညီမှာ ဖြစ်ပါတယ်။
iQOO အတည်ပြုထားတဲ့ Neo6 SE ရဲ့ Specs တွေထဲမှာ Snapdragon 870 SoC, 256GB UFS 3.1 Storage , 64MP Main ကင်မရာ (OIS) , 4,700mAh ဘက်ထရီနဲ့ 80W Wired Charging တို့ ပါဝင်ပါတယ်။ တရုတ်က အရောင်းဆိုင်တွေမျှဝေထားတဲ့ Neo6 SE ရဲ့ ဓါတ်ပုံတွေအရ ဒီဇိုင်းဟာ ရိုးရိုး မော်ဒယ်နဲ့ တူညီပါတယ်။
iQOO က Neo6 SE ရဲ့ ကျန်တဲ့ ကင်မရာ သတင်းအချက်အလက်တွေကို မပြောသေးပါဘူး။ မိတ်ဆက်ပွဲ ပြုလုပ်ဖို့ ရက်အနည်းငယ်ပဲ လိုတော့တဲ့အတွက် Specs အပြည့်အစုံကို မကြာခင် သိလာရတော့မှာပါ။
ref : gsmarena