Samsung Galaxy Z Fold 4, Z Flip 4, Watch 5 တို့ရဲ့ သတင်းတွေ မကြာခဏ ပေါက်ကြားခဲ့ဖူးပါတယ်။ အဲဒီ Device တွေကို ၂၀၂၂ ခုနှစ် ဒုတိယနှစ်ဝက်မှာ ကြေညာနိုင်ပြီး BIS Certification Website မှာ စာရင်းတင်ထားပါတယ်။
91mobiles က Galaxy Z Fold 4 ရဲ့ ဘက်ထရီ မော်ဒယ်နံပါတ်တွေဟာ EB-BF936ABY နဲ့ EB-BF937ABY တို့ဖြစ်တယ်လို့ ပြောပါတယ်။ Galaxy Z Flip 4 ရဲ့ ဘက်ထရီ မော်ဒယ်နံပါတ်တွေက EB-BF721ABY , EB-BF722ABY နဲ့ EB-BF723ABY တို့ ဖြစ်ပါတယ်။ Galaxy Watch 5 ရဲ့ ဘက်ထရီ မော်ဒယ်နံပါတ်တွေက EB-BR910ABY, EB-BR925ABY နဲ့ EB-BR900ABY လို့ သိရပါတယ်။
Galaxy Z Fold 4 ဟာ Samsung ရဲ့ နောက်မျိုးဆက် စွမ်းရည်မြင့် Foldable ဖြစ်ပြီး နောက်ထွက်မယ့် Snapdragon 8 Gen 1 Plus SoC မောင်းနှင်ထားမယ်လို့ သတင်းထွက်နေပါတယ်။ ကင်မရာတွေကို အဆင့်မြှင့်ထားမှာ ဖြစ်ပြီး ပေါက်ကြားသတင်းအရ 108MP Main , 12MP Ultrawide ကင်မရာတွေ ပါလာမှာပါ။ ပိုကောင်းတဲ့ Hinge တပ်ဆင်ထားမှာ ဖြစ်ပြီး Stylus Slot ပါလာနိုင်ပါတယ်။
Galaxy Z Flip 4 အကြောင်းပြောရရင် Snapdragon 8 Gen 1 Plus Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး အနည်းငယ်ပိုကြီးတဲ့ 3,303mAh ဘက်ထရီ ပါလာနိုင်ပါတယ်။ Galaxy Watch 5 အတွက် Heart-S, Heart-L, နဲ့ Heart Pro မော်ဒယ် ၃ မျိုးထုတ်လုပ်ထားနိုင်ပြီး WearOS ပါလာမှာပါ။ Galaxy Watch 5 Pro မှာ ပိုကြီးတဲ့ 572mAh ဘက်ထရီ ထည့်ထားနိုင်ပါတယ်။
Ref : gizmochina