realme ဟာ လာမဲ့ မေလ ၁၈ ရက်နေ့မှာ realme Narzo 50 5G နဲ့ Narzo 50 Pro 5G တို့ကို တရားဝင်မိတ်ဆက်တော့မှာပါ။ ကုမ္ပဏီကတော့ ဒီ Device နှစ်ခုအတွက် ဘာမှထုတ်ဖော်ပြောဆိုထားခြင်းမရှိသေးပေမဲ့ ဒီတစ်ပတ်အစောပိုင်းက ပေါက်ကြားထားတဲ့ပုံအချို့ကြောင့် စမတ်ဖုန်းတွေဟာ ဘယ်လိုပုံစံဖြစ်မလဲဆိုတာကို သိထားရပါတယ်။

 

ကနဦးတုန်းကတော့ realme Narzo 50 5G ကို အနက်ရောင်အနေမြင်တွေ့ရမယ်လို့ သိရှိထားပါတယ်။ အခုအခါမှာတော့ Narzo 50 5G ရဲ့ ဓါတ်ပုံအချို့ထပ်ပြီးထွက်ပေါ်လာတာကြောင့် ပေါက်ကြားပြီးသား ဒီဇိုင်းကိုလည်း အတည်ပြုနိုင်ပြီဖြစ်သလို အပြာရောင် ဒီဇိုင်းလည်းရရှိမယ်ဆိုတာကို သိလာရပါတယ်။

Narzo 50 5G ဟာ 8mm အထူဖြစ်ပြီး ကျောဘက်ကိုယ်ထည်ရဲ့ ဒီဇိုင်းဟာ Kevlar speed texture ကို Inspire ယူထားတယ်လို့ သိရပါတယ်။ သတင်းရင်းမြစ်ရဲ့အဆိုအရ Narzo 50 5G ကို အနက်ရောင်အဖြစ်နဲ့လည်း ရောင်းချမှာဖြစ်ပြီး ကနဦးပေါက်ကြားထားတဲ့ Renders တွေမှာမြင်ရတာထက် ပိုပြီးနက်မှောင်မယ်လို့လည်း သိရပါတယ်။

realme Narzo 50 5G မှာ Dimensity 810 SoC, 6.58-inch 90Hz FullHD+ AMOLED display, 6GB of RAM, 128GB storage တို့ ထောက်ပံ့ပေးထားမှာဖြစ်ပါတယ်။ Android 12 အခြေခံထားတဲ့ UI 3.0 နဲ့ ထွက်လာမှာဖြစ်ပြီး ဘက်ထရီက 4,800mAh ပမာဏဖြစ်ပြီး 33W အမြန်အားသွင်းစနစ်ကို ရရှိမှာ ဖြစ်ပါတယ်။ အဓိကကင်မရာဟာ 13MP sensor ဖြစ်ပြီး 2MP depth unit နဲ့ တွဲဖက်ထားပါတယ်။

Ref: GSM Arena