Apple က ဇွန်လ ၆ ရက်နေ့မှာ ကျင်းပမယ့် World Wide Developer Conference ရဲ့ အခမ်းအနား အစီအစဉ်တွေကို မျှဝေလိုက်ပါတယ်။
ကပ်ရောဂါ ဖြစ်ပွားပြီးနောက်ပိုင်း WWDC မှာ Developer တွေကို ပွဲတက်ခွင့်ပေးတဲ့ ပထမဆုံး အခမ်းအနား ဖြစ်လာပါတယ်။ အွန်လိုင်းကနေလည်း ပွဲကို ပြသမှာ ဖြစ်ပြီး Apple ရဲ့ ဝက်ဘ်ဆိုက်၊ Developer App ၊ Apple TV နဲ့ YouTube တို့ကနေ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
ဇွန်လ ၆ ရက်နေ့ နံနက် ၁၀ နာရီအချိန်မှာ Apple ရဲ့ ပလက်ဖောင်းများစွာရဲ့ Software သတင်းတွေကို ကြေညာမှာ ဖြစ်ပါတယ်။
နေ့လည် ၂ နာရီမှာ Developer တွေ သူတို့ရဲ့ App တွေအတွက် Tools အသစ်တွေ၊ နည်းပညာတွေနဲ့ လုပ်ဆောင်ချက်တွေကို ကြားသိရမယ့် Platforms State of the Union ကို ကြေညာမှာ ဖြစ်ပါတယ်။
ညနေ ၅ နာရီအချိန်မှာ Apple ရဲ့ Design Awards ကို ပြုလုပ်ကာ အခမ်းအနားကို ပိတ်သိမ်းမှာ ဖြစ်ပါတယ်။
Apple ရဲ့ WWDC 2022 မှာ iOS 16, iPadOS 16 , watchOS 9 နဲ့ နောက်မျိုးဆက် macOS တို့ကို မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။
Ref : gsmarena