Samsung Galaxy Z Flip4 ကို တရားဝင်မိတ်ဆက်ဖို့ လအနည်းငယ်ကြာဦးမှာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့လက ပေါက်ကြားခဲ့တဲ့ Renders တွေကြောင့် ဒီစမတ်ဖုန်းဟာ ဘယ်လိုပုံစံလဲဆိုတာကို သိခဲ့ကြပြီးပါပြီ။ အလားတူပဲ Galaxy Z Flip4 ရဲ့ Specs အချို့လည်း ကနဦးပေါက်ကြားမှုတွေဖြစ်ခဲ့ပေမဲ့ ပြည့်ပြည့်စုံစုံတော့ မဟုတ်ခဲ့ပါဘူး။
အခုအခါမှာတော့ Samsung Galaxy Z Flip4 ရဲ့ ပိုပြီးပြည့်စုံတဲ့ Specs တွေ ပေါက်ကြားထွက်ပေါ်လာတာကို တွေ့ရပြီး ၂၀၂၂ ရဲ့ Foldable စမတ်ဖုန်းအကြောင်းကို ပိုပြီး ရှင်းရှင်းလင်းလင်း သိလာရပါပြီ။ Samsung Galaxy Z Flip4 ဟာ Android 12 ကိုအခြေခံထားတဲ့ One UI 4 နဲ့အတူ ထွက်လာမှာဖြစ်ပြီး Snapdragon 8+ Gen 1 SoC မောင်းနှင်ထားမှာ ဖြစ်ပါတယ်။
8GB of RAM နဲ့အတူ သိုလှောင်မှုပမာဏကတော့ 128GB အပြင် 256GB အဖြစ် ရွေးချယ်စရာရှိတယ်လို့လည်း သိရပါတယ်။ ဒါကြောင့် Geekbench listing မှာမြင်တွေ့ခဲ့ရတဲ့ Snapdragon 8+ Gen 1 chip, 8GB RAM, Android 12 စတဲ့ အချက်အလက်တွေနဲ့လည်း ကိုက်ညီနေတာဖြစ်ပါတယ်။ ဘက်ထရီပိုင်းမှာတော့ အနည်းငယ်ကွဲလွဲတဲ့ အချက်အလက်သစ်တွေကို ပေါက်ကြားမှုအသစ်က ယူဆောင်လာပါတယ်။
ကနဦးပေါက်ကြားမှုအရ Samsung Galaxy Z Flip4 မှာ 3,400mAh ဘက်ထရီပါဝင်လာမယ်လို့ အခိုင်အမာဆိုထားပေမဲ့ အခုသတင်းမှာတော့ 25W ကြိုးတပ်အားသွင်းစနစ်၊ 10W ကြိုးမဲ့အားသွင်းစနစ်နဲ့အတူ 3,700mAh ဘက်ထရီကို တပ်ဆင်ထားမယ်လို့ ဖော်ပြလာပါတယ်။ (Flip3 မှာက15W ကြိုးမဲ့အားသွင်းစနစ် ထောက်ပံ့ထားတာပါ)
Galaxy Z Flip4 ဟာ 6.7-inch FullHD+ 120 AMOLED မျက်နှာပြင်နဲ့အတူ အပေါက်ဘက်အလယ်တည့်တည့်မှာ Punch-hole တစ်ခုနဲ့အတူ 10MP selfie ကင်မရာတစ်လုံး တပ်ဆင်ထားမယ်လို့ သိရပါတယ်။ အဓိကကင်မရာကတော့ 12MP ဖြစ်ပြီး 12MP ultrawide ကင်မရာတစ်လုံးလည်း တွဲလျက်ပါဝင်မယ်လို့ သိရပါတယ်။
Ref: GSM Arena