Samsung Fan တွေအတွက် စိတ်လှုပ်ရှားစရာအချိန်ကတော့ နီးကပ်လို့လာပါပြီ။ Samsung ရဲ့ ၂၀၂၂ ခုနှစ်အတွက် Foldable ဖုန်းတွေဖြစ်တဲ့ Galaxy Z Fold4 နဲ့ Galaxy Z Flip4 တို့ကို မိတ်ဆက်ဖို့ လအနည်းငယ်ပဲ လိုတော့တာ ဖြစ်ပါတယ်။ ဈေးကွက်ထဲကိုမရောက်ခင်မှာကတည်းက ဒီဖုန်းတွေနဲ့ပတ်သက်တဲ့သတင်းယိုစိမ့်မှုတွေက Samsung Fan တွေကို စိတ်လှုပ်ရှားအောင်လုပ်နေတယ်လို့ ဆိုနိုင်ပါတယ်။

အခုအချိန်မှာတော့ Samsung ဟာ Galaxy Z Fold4 နဲ့ Galaxy Z Flip4 တို့အတွက် Firmware development ကို စတင်နေပြီလို့ သိရပါတယ်။ ဒါဟာ ဘယ် Device ကိုမဆို စတင်ပြီဆိုတာနဲ့ အဓိကခြေလှမ်းဖြစ်ပြီး နောက်ဆုံးထွက်လာတဲ့သတင်းတွေအရ Device သစ်တွေဟာ မူလအစီအစဉ်အတိုင်း လမ်းကြောင်းမှန်ပေါ်မှာဆက်သွားနေပြီလို့လည်း သိရပါတယ်။

Galaxy Z Fold4 နဲ့ Galaxy Z Flip4 တို့အတွက် Firmware Development တွေအဖြစ် F936NKSU0AVF2 နဲ့ F721NKSU0AVF2 တို့ကို Test builds အနေနဲ့ စတင်နေတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် Firmware development လုပ်ဆောင်မှုတိုးတက်လာတာနဲ့အမျှ လာမဲ့သီတင်းပတ်တွေမှာ စမ်းသပ်တည်ဆောက်မှုတွေကို ပိုပြီးတွေ့မြင်လာရမယ်လို့ မျှော်လင့်ရပါတယ်။

Galaxy Z Flip4 ဟာ 6.7-inch Full HD+ resolution foldable display နဲ့ဖြစ်ပြီး 120Hz refresh rate ထောက်ပံ့ထားမယ်လို့ ကောလာဟလဖြစ်နေပါတယ်။ အနည်းငယ်ပိုကြီးတဲ့ 2.1-inch cover display လည်း ပါဝင်ပြီး Snapdragon 8+ Gen 1 မောင်းနှင်ထားသလို 8GB of RAM နဲ့ 256GB storage ကိုလည်း ထောက်ပံ့ပေးထားမယ်လို့ သိရပါတယ်။

Galaxy Z Fold4 ကတော့ ပြီးခဲ့တဲ့မျိုးဆက်နဲ့နှိုင်းယှဉ်ရင် အပြောင်းအလဲ အနည်းငယ်များမယ်လို့ ယူဆရပါတယ်။ ကင်မရာပိုင်း အဆင့်မြှင့်တင်လာမှုကတော့ အဓိကဖြစ်ဖွယ်ရှိပြီး ပိုကျယ်တဲ့မျက်နှာပြင်အချိုးနဲ့အတူ ကမ္ဘာ့အပေါ့ပါးဆုံး Foldable ဖုန်းအဖြစ်လည်း မြင်တွေ့ရဖွယ်ရှိပါတယ်။ Snapdragon 8+ Gen 1 chipset ကိုပဲ အသုံးပြုလာမှာဖြစ်ပြီး 4,400mAh ဘက်ထရီနဲ့အတူ ပိုပြီးပေါ့ပါးသလို ပါးလွှာတဲ့ကိုယ်ထည်လည်း ပါရှိမယ်လို့ သိရပါတယ်။

Ref: sammobile