Samsung ရဲ့ မျိုးဆက်သစ် Foldable တွေဖြစ်တဲ့ Galaxy Z Fold4 နဲ့ Galaxy Z Flip4 တို့ရဲ့ သတင်းပေါက်ကြားမှုတွေက အတော်လေးကို များနေပါပြီ။ ဇွန်လဆန်းမှာပဲ ဒီ Device တွေအတွက် Firmware Development စတင်နေတယ်ဆိုတဲ့သတင်းကတော့ နောက်ဆုံးထွက်ရှိထားတဲ့ သတင်းဖြစ်ပါတယ်။

အခုထပ်ပြီးထွက်ပေါ်လာတဲ့သတင်းက ဒီ မျိုးဆက်သစ် Foldable နှစ်ခုကို မိတ်ဆက်မဲ့ရက် ဖြစ်ပါတယ်။ ထင်ရှားတဲ့ Leakster Jon Prosser ကတော့ Samsung ဟာ Galaxy Z Fold4 နဲ့ Galaxy Z Flip4 တို့ကို လာမဲ့ သြဂုတ်လ ၁၀ ရက်နေ့မှာ ပွဲထုတ်မယ်လို့ ဟောကိန်းထုတ်လိုက်တာပါ။

ဒါ့အပြင် Galaxy Watch5 ကလည်း 40mm, 44mm နဲ့ 46mm Pro ဆိုပြီး ဗားရှင်းသုံးမျိုးနဲ့ ထွက်ပေါ်လာမယ်လို့လည်း Prosser က ပြောပါသေးတယ်။ Galaxy Z Fold4 ကို Phantom Black, Green နဲ့ Beige စတဲ့ အရောင်သုံးမျိုးနဲ့ ဝယ်နိုင်မယ်လို့လည်း ဆိုပါတယ်။ Galaxy Z Flip4 ကတော့ Graphite, Bora Purple, Pink Gold နဲ့ Blue စတဲ့ အရောင်လေးမျိုးနဲ့ ရရှိမယ်လို့ သိရပါတယ်။

ထပ်ပြီးသိရတာက Samsung Galaxy S22 ကို Lavender ရောင်နဲ့အတူ တွေ့မြင်ရမယ်ဆိုတာပါပဲ။ ဒီ Device တွေကို ကြေညာပြီး ၂ ပတ်အကြာ သြဂုတ်လ ၂၆ ရက်နေ့မှာ စတင်ရောင်းချမယ်လို့ သိရပါတယ်။ Wearable တွေကို Phantom black ဒါမှမဟုတ် Silver နဲ့ ရောင်းချဖွယ်ရှိပြီး 40mm မှာ Exclusive Pink Gold pant job လည်း ရှိလာမှာဖြစ်သလို 44mm ဟာ Sapphire “blue-ish” အရောင်နဲ့ ရောင်းချမယ်လို့ သိရပါတယ်။

Ref: GSM Arena