realme ဟာ C30 စမတ်ဖုန်းကို ဇွန်လ ၂၀ ရက်နေ့မှာ ကြေညာတော့မှာ ဖြစ်ပြီး နောက်ထပ် ထုတ်ကုန် အသစ် ၁ ခုကိုလည်း ဇွန်လ ၂၃ ရက်နေ့မှာ ချပြတော့မှာ ဖြစ်ပါတယ်။ အဲဒါကတော့ realme TechLife Watch R100 စမတ်နာရီ ဖြစ်ပါတယ်။
Are you ready to always #StayInTouchOnTheGo?
The #realmeTechLifeWatchR100 is coming soon with features that keep you fit, stylish and always connected🙌
Launching at 12:30 PM, 23rd June.
Know more: https://t.co/IBt1t88Pyv pic.twitter.com/On7epqd7Ht— realme TechLife (@realmeTechLife) June 18, 2022
realme TechLife Watch R100 မှာ ၁.၃၂ လက်မ TFT Color မျက်နှာပြင် ပါလာပြီး 360×360 Pixel Resolution ထောက်ပံ့ထားပါတယ်။ အလူမီနီယမ် အလွိုင်းနဲ့ တည်ဆောက်ထားပြီး အနောက်ဘက် ကာဗာဟာ Matte ဒီဇိုင်း ဖြစ်ပါတယ်။ Watch R100 ရဲ့ ညာဘက်ခြမ်းမှာ ခလုတ် ၂ ခု တပ်ဆင်ထားပြီး Watch S , Watch S Pro တို့နဲ့ ဆင်တူပါတယ်။
realme TechLife Watch R100 မှာ Bluetooth Calling ထောက်ပံ့ထားမှာ ဖြစ်တဲ့အတွက် စမတ်ဖုန်းနဲ့ချိတ်ဆက်ထားတဲ့အခါ ဖုန်းပြောနိုင်ပါတယ်။ Watch R100 မှာ 380mAh ဘက်ထရီ ပါလာမှာ ဖြစ်ပြီး realme ရဲ့ ကြော်ငြာအရ သာမာန် သုံးရင် ၇ ရက်အထိ အသုံးခံကာ အားသွင်းချိန်ဟာ ၂ နာရီ ကြာမြင့်မှာ ဖြစ်ပါတယ်။
realme က TechLife Watch R100 အတွက် အရောင် ၂ မျိုး ထုတ်လုပ်ထားမယ်လို့ အတည်ပြုထားပြီး ကုမ္ပဏီဟာ အရောင်ကွဲပြားတဲ့ လက်ပတ်ကြိုးတွေကို သီးခြား ရောင်းချမလားဆိုတာ မသိရသေးပါဘူး။
Ref : gsmarena