Google ဟာ မေလမှာ Android 13 Beta Program ကို ကြေညာခဲ့ပြီး Pixel စမတ်ဖုန်းတွေအတွက် စတင် ဖြန့်ချိပေးခဲ့ပါတယ်။  OPPO က Android 13 အခြေပြု ColorOS 13 ကို စတင်ဖန်တီးနေပြီလို့ မကြာခင်က ပြောခဲ့ပါတယ်။ အခုတော့ Samsung ကလည်း Android 13 အခြေပြု One UI 5.0 ကို စတင် ဖန်တီးနေပြီလို့ သတင်းထွက်လာပါတယ်။

Samsung One UI Logo Featured

တရုတ် Tipster Ice Universe က ဒီသတင်းကို မျှဝေလိုက်တာ ဖြစ်ပြီး အဲဒီ ဆော့ဖ်ဝဲ တင်ထားတဲ့ Device ၁ လုံးရဲ့ ဓါတ်ပုံကို ဝီဘိုမှာ တင်ထားပါတယ်။ ကွန်းမန့်မှာ Ice Universe က One UI 4.5 ထွက်လာမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ Samsung ဟာ အရင်နှစ်ကလည်း One UI 3.5 ကို မထုတ်လုပ်ပေးခဲ့တဲ့အတွက် ဒါဟာ အံ့ဩစရာ မဟုတ်ပါဘူး။ အဲဒီ အစား ကုမ္ပဏီဟာ One UI 3.1.1 ကို ဖြန့်ချိပေးခဲ့ပါတယ်။ အဲဒီအတွက် ၂၀၂၂ ခုနှစ် ဒုတိယနှစ်ဝက်မှာ One UI 4.1.1 ကို မြင်ရနိုင်ပါတယ်။

Samsung One UI 5.0 Android 13 Leak

Ice Universe က One UI 5.0 ရဲ့ လုပ်ဆောင်ချက်တွေကို ဘာမှ မပြောသေးပါဘူး။ ဒါပေမယ့် သူက Animations တွေကို ကြီးကြီးမားမား ပြောင်းလဲထားမယ်လို့ ပြောပါတယ်။

One UI ရဲ့ Animations တွေဟာ Android Skin တွေထဲမှာ အညံ့ဆုံးတွေထဲက ၁ ခုလို့ ပြောနိုင်ပါတယ်။ Samsung က Android 13 အခြေပြု One UI 5.0  မှာ အဲဒါကို ပြင်ဆင်ပေးမှာကို ကြိုဆိုရမှာပါ။

Ref : gizmochina