Apple ဟာ ပြီးခဲ့တဲ့လတုန်းက ပြုလုပ်ခဲ့တဲ့ WWDC Event မှာ Mac ကွန်ပျူတာတွေအတွက် M2 Chip အသစ်ကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ M2 Chip ပါဝင်တဲ့ MacBook Pro 13-inch နဲ့ Design ပြောင်းလဲထားတဲ့ MacBook Air အသစ်ကိုလည်း ကြေညာခဲ့တာဖြစ်ပါတယ်။

MacBook အသစ်တွေထဲမှာ လူစိတ်ဝင်စားမှုမြင့်မားတဲ့ M2 MacBook Air အသစ်ကို တရားဝင်ရောင်းချမယ့်အချိန်က အခုအချိန်မှာတော့ ပေါက်ကြားလာခဲ့ပြီဖြစ်ပါတယ်။ သတင်းအရ Apple ဟာ လာမယ့် ဇူလိုင်လ ၁၅ ရက်နေ့မှာ M2 Chip အသုံးပြုထားတဲ့ MacBook Air အသစ်ကို စတင်ရောင်းချသွားမှာပဲဖြစ်ပါတယ်။

ယခုသတင်းကိုတော့ MacRumors Media ကနေဖော်ပြခဲ့တာဖြစ်ပြီး ဇူလိုင်လ ၁၅ ရက်နေ့မတိုင်ခင်မှာ Pre-order စတင်ပြုလုပ်နိုင်ဖွယ်ရှိနေပါတယ်။

MacBook Air အသစ်ဟာ စျေးနှုန်းအနေနဲ့ $1,199 ကနေစတင်မှာဖြစ်ပြီး အမြင့်ဆုံး $2,499 အထိ ကျသင့်မှာဖြစ်ပါတယ်။ ဒါကြောင့် ယခင် M1 Chip ကို အသုံးပြုထားတဲ့ MacBook Air ထက် ပိုပြီး စျေးနှုန်းမြင့်မားမှာပါ။

M2 MacBook Air ဟာ Display အနေနဲ့ ပိုကြီးမားတဲ့ 13.6-inch Retina Display ပါဝင်မှာဖြစ်ပြီး Design ပိုင်းလည်း ပြောင်းလဲထားတာဖြစ်ပါတယ်။ Webcam ကိုလည်း 1080p Camera ကိုအဆင့်မြှင့်တင်ထားပြီး MagSafe Charging ကိုလည်း ထောက်ပံ့ထားမှာပါ။

Ref – Gizmo China