GameStop က ကာလရှည်ကြာ နှောင့်နှေးနေတဲ့ NFT or Non-fungible Token အတွက် အွန်လိုင်း ဈေးကွက်ကို တည်ထောင်လိုက်တယ်လို့ ပြီးခဲ့တဲ့ တနင်္လာနေ့က ကြေညာခဲ့ပါတယ်။ GameStop က စီးပွားရေး မော်ဒယ်ကို ဆန်းသစ်ချင်နေပြီး Cryptocurrency နဲ့ Blockchain နည်းပညာတွေကို အသုံးပြုသူတွေဆီကနေ ငွေသဲ့ယူဖို့ ရည်ရွယ်ထားပါတယ်။

GameStop ရဲ့ NFT ဈေးကွက်ကို အကြို စမ်းသပ်တဲ့ အနေနဲ့ အများပြည်သူအတွက် ဖွင့်လှစ်ပေးလိုက်ပြီ ဖြစ်ပြီး User တွေဟာ မကြာခင်က ကြေညာခဲ့တဲ့ GameStop Wallet အပါအဝင် သူတို့ရဲ့ ဒစ်ဂျစ်တယ် Wallet တွေနဲ့ ချိတ်ဆက်နိုင်ပါတယ်လို့ ကုမ္ပဏီက ပြောပါတယ်။ User တွေဟာ Virtual ထုတ်ကုန်တွေရဲ့ NFT တွေကို အရောင်းအဝယ်ပြုလုပ်နိုင်ပါတယ်။ နောက်ပိုင်းမှာ အဲဒီ ဈေးကွက်ဟာ Web3 Gaming လို တခြား လုပ်ဆောင်ချက်တွေကို တိုးချဲ့ ထည့်သွင်းပေးမယ်လို့ GameStop က ပြောပါတယ်။

A screenshot of GameStop's marketplace for non-fungible tokens, where gamers can buy, sell and trade NFTs.

GameStop ရဲ့ လက်ရှိ အကြီးအကဲတွေက Chewy နဲ့ Ryan Cohen တို့ ဖြစ်ပြီး သူတို့ဟာ အနာဂတ် ဒစ်ဂျစ်တယ် နယ်ပယ်မှာ ရင်းနှီးမြှပ်နှံဖို့ အခုလို NFT ဈေးကွက်ကို တည်ထောင်လိုက်တာ ဖြစ်ပါတယ်။ GameStop ဟာ ပြီးခဲ့တဲ့ နှစ်တွေအတွင်း ငွေကြေး ကြပ်တည်းမှုတွေကို ရင်ဆိုင်ခဲ့ရပါတယ်။

ကုမ္ပဏီဟာ ရင်းနှီးမြှပ်နှံသူတွေရဲ့ ယုံကြည်မှု ရအောင် ကြိုးစားနေပါတယ်။ GameStop ဟာ ဇန်နဝါရီလ ၂၉ ရက်အထိ စာရင်းအရ အမေရိကန်က စတိုး ၃,၀၁၈ အပါအဝင် စုစုပေါင်း စတိုး ၄,၅၇၃ ခု ဖွင့်လှစ်ထားပါတယ်။ အခုတော့ ကုမ္ပဏီဟာ NFT လို ဒစ်ဂျစ်တယ် စီးပွားရေး လုပ်ငန်းထဲ ဝင်ရောက်လာပါပြီ။

Ref : cnbc