Samsung ဟာ လာမယ့် သြဂုတ်လအစောပိုင်းမှာ Foldable ဖုန်းအသစ်တွေဖြစ်တဲ့ Galaxy Z Fold4 နဲ့ Z Flip4 ဖုန်းတွေကို တရားဝင်မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ Samsung အနေနဲ့ မိတ်ဆက်မယ့်အချိန်ကို တရားဝင်ပြောကြားထားခြင်းမရှိသေးပေမယ့် Galaxy Z Flip4 ဖုန်းရဲ့ Render ဓါတ်ပုံ တစ်ပုံကတော့ ပေါက်ကြားလာခဲ့ပါပြီ။
အခု Render ဓါတ်ပုံကို နာမည်ကြီး Leaker တစ်ဦးဖြစ်တဲ့ Evan Blass နဲ့ 91Mobiles တို့က ပူးပေါင်းဖော်ပြခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် စစ်မှန်နိုင်ခြေများပြားနေတယ်လို့ ယူဆရပါတယ်။
Render ပုံအရတော့ Samsung Galaxy Z Flip4 ဖုန်းဟာ ဘေးဘောင်တွေကို Flat Design အနေနဲ့ ပြောင်းလဲသွားမှာဖြစ်ပါတယ်။ Power Button မှာ Fingerprint Sensor ကိုပဲ ဆက်လက်အသုံးပြုထားမှာဖြစ်သလို Camera အနေနဲ့လည်း Dual Camera Setup ကိုပဲ ဆက်လက်အသုံးပြုလာဖွယ်ရှိနေပါတယ်။ အရောင်အနေနဲ့ကတော့ Purple Color အသစ်ပါဝင်လာမှာဖြစ်ပါတယ်။
နောက်ထပ်ထူးခြားချက်တစ်ခုကတော့ Tagline အနေနဲ့ “Next Galaxy” လို့ ပေးထားတဲ့အတွက် အဆိုပါ စာသားဟာ ယခုနှစ် Galaxy Foldable ဖုန်းတွေအတွက် အဓိက Tagline တစ်ခုဖြစ်လာနိုင်ပါတယ်။ Samsung Galaxy Z Flip4 ဟာ Qualcomm Snapdragon 8+ Gen 1 Chipset ကို အသုံးပြုလာမှာဖြစ်ပြီး Battery ပိုင်းမှာလည်း အဆင့်မြှင့်တင်ထားမယ်လို့ သိရပါတယ်။ Samsung အနေနဲ့ ယခုနှစ်မှာ Galaxy Z Flip4 ဖုန်းကို Galaxy Z Fold4 ထက် ပိုပြီး ရောင်းချရဖို့ ခန့်မှန်းထားတာကြောင့် ဘယ်လောက်ထိစွမ်းဆောင်နိုင်မလဲဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။
Ref – 9to5Google