OnePlus 10T ဟာ 10 Series ရဲ့ ဒုတိယမြောက် စွမ်းရည်မြင့် စမတ်ဖုန်း ဖြစ်ပြီး ဩဂုတ်လ ၃ ရက်နေ့ မှာ အိန္ဒိယနဲ့ နိုင်ငံတကာဈေးကွက်အတွက် ကြေညာမှာ ဖြစ်ပါတယ်။ အခုတော့ တရားဝင် မကြေညာရသေးခင်မှာ ကုမ္ပဏီက လုပ်ဆောင်ချက် တစ်ခုကို အတည်ပြုလိုက်ပါတယ်။
OnePlus 10T ကို တရုတ်မှာ OnePlus Ace Pro နာမည်နဲ့ ကြေညာမှာ ဖြစ်ပြီး အဲဒီ စမတ်ဖုန်းရဲ့ အဓိက Specs တွေကို အတည်ပြုထားပြီးပါပြီ။ OnePlus က အခုတော့ 10T မှာ 150W Wired Fast Charging ပါလာမယ်လို့ အတည်ပြုလိုက်ပါတယ်။ အရင်ကလည်း အဲဒီ သတင်းအချက်အလက်ဟာ ပေါက်ကြားထွက်ပေါ်ခဲ့ဖူးပြီး အခုတော့ ကုမ္ပဏီက တရားဝင် အတည်ပြုလိုက်တာပါ။
OnePlus ရဲ့ ဝီဘို အကောင့်မှာ Teaser အသစ်တွေကို မျှဝေထားပြီး 10T မှာ အားသွင်းနေတဲ့ ပတ်ဝန်းကျင်ကို အာရုံခံ နားလည်ကာ အားသွင်းနှုန်းကို အလိုလို ချိန်ညှိပေးတဲ့ Smart Charging Engine ပါလာမယ်လို့ ဖော်ပြထားပါတယ်။ အဲဒီအတွက် ဖုန်းကို အနုတ် ၂၀ ဒီဂရီ ဆဲဆီးယပ်စ် အပူချိန်လောက်နဲ့ အားသွင်းနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် OnePlus 10T မှာ Smart Speed Mode, Temperature Mode နဲ့ Temperature Control Mode တွေ ထောက်ပံ့ထားမှာပါ။
OnePlus Ace Pro မှာ 150W Fast Charging ပါလာမယ်လို့ အတည်ပြုပြီးကတည်းက 10T မှာလည်း အဲဒီ လုပ်ဆောင်ချက် ပါလာမယ်ဆိုတာ အရင်ကတည်းက ယူဆထားပါတယ်။ အားသွင်းနှုန်း အရမ်းမြန်တဲ့အတွက် ၁ မိနစ် အားသွင်းရုံနဲ့ ၃ နာရီကြာ ဖုန်းပြောနိုင်သလို မိနစ် ၉၀ ကြာ ဗီဒီယိုတွေ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ၁ မိနစ်အားသွင်းရုံနဲ့ ၁ နာရီကြာ ဂိမ်း ကစားနိုင်မှာက အထင်ကြီးစရာကောင်းပါတယ်။
Ref : gizmochina