OnePlus ကနေ ယခုနှစ်ကုန်ပိုင်းအတွက် Flagship စမတ်ဖုန်းအသစ်ဖြစ်တဲ့ OnePlus 10T စမတ်ဖုန်းကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ OnePlus 10T စမတ်ဖုန်းဟာ စျေးနှုန်းအနေနဲ့ ယခုနှစ်အစောပိုင်းတုန်းက OnePlus 10 Pro ဖုန်းထက် သက်သာပြီးတော့ တချို့သောနေရာတွေမှာ ပိုပြီး သာမှာဖြစ်ပါတယ်။

Display အနေနဲ့ကတော့ 6.7″ Full HD+ OLED Display ကို အသုံးပြုထားပြီး 120Hz Refresh Rate ကို ထောက်ပံ့ပေးထားမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဆိုပါ Display ဟာ OnePlus 10 Pro မှာ အသုံးပြုထားတဲ့ LTPO2 Display အစား ပုံမှန် OLED Panel ကိုပဲ အသုံးပြုထားတာဖြစ်ပါတယ်။

ကျန်တဲ့ OnePlus 10T ရဲ့ အားသာချက်တွေကတော့ Performance ပိုင်းမှာဖြစ်ပြီး Qualcomm Snapdragon 8+ Gen 1 Chipset ကို အသုံးပြုထားပြီး RAM 8GB သို့မဟုတ် RAM 16GB ပါဝင်မှာဖြစ်ပြီး Storage အနေနဲ့လည်း 128GB သို့မဟုတ် 256GB UFS 3.1 Storage ပါဝင်မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း India စျေးကွက်အတွက်ကတော့ RAM 12GB/ 256GB Storage Version ကိုပါ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။ OnePlus 10T ဟာ ပိုပြီးစွမ်းဆောင်ရည်ကောင်းမွန်တဲ့ 3D Cooling System အသစ်ကိုလည်း ပြောင်းလဲအသုံးပြုထားပါသေးတယ်။

Camera ပိုင်းမှာတော့ OnePlus 10T ဖုန်းဟာ OnePlus 10 Pro ထက် အားနည်းသွားပြီး 50MP Sony IMX766 Sensor ၊ 8MP Ultrawide နဲ့ 2MP Macro Sensor တွေပါဝင်တဲ့ Triple Camera Setup ကိုပဲ အသုံးပြုထားမှာဖြစ်ပါတယ်။ Selfie Camera အနေနဲ့ကတော့ 16MP Sensor ကိုပဲ ထည့်သွင်းပေးထားပါတယ်။

 

Battery ပိုင်းမှာတော့ 4800mAh Battery ပါဝင်မှာဖြစ်ပြီး 150W SuperVOOC Fast Charging ကို ထောက်ပံ့ပေးထားမှာဖြစ်ပါတယ်။ OnePlus ဟာ Battery Health ပိုင်းကို ပိုပြီး ဂရုစိုက်နိုင်ဖို့အတွက် Battery Health Engine Feature ကို ထည့်သွင်းပေးထားပါတယ်။ ဒါကြောင့် Battery Charging Cycle ပေါင်း ၁,၆၀၀ ပြည့်သွားတဲ့အချိန်မှာလည်း Battery Health ကို 80% အထက်ရှိစေမှာဖြစ်ပါတယ်။

OnePlus 10T ဟာ အရောင်အနေနဲ့ Moonstone Black နဲ့ Jade Green ဆိုပြီး ၂ မျိုးထွက်ရှိထားမှာဖြစ်ပြီး စျေးနှုန်းအနေနဲ့ကတော့ 8/128GB Version ကို $649 နဲ့ 16/256GB Version ကို $749 နဲ့ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref – GSM Arena