Samsung ဟာ အရင်နှစ် ဩဂုတ်လက Galaxy Buds2 TWS နားကြပ်ကို ကြေညာခဲ့ပြီး အခုတော့ Pro Version ကို မိတ်ဆက်လိုက်ပါတယ်။ Buds2 Pro ဟာ အရင်မျိုးဆက်ထက် ၁၅ ရာခိုင်နှုန်း သေးငယ်တဲ့အတွက် ဝတ်ဆင်ရတာ ပိုသက်တောင့်သက်သာ ရှိပါတယ်။

မိုက်ကရိုဖုန်း ၃ လုံး ပါပြီး Buds Pro ထက် ၂ ဆ ပိုကြီးတဲ့ လေကာစနစ်ပါတဲ့အတွက် ပတ်ဝန်းကျင်က ဆူညံသံတွေကို ပိုမို လျှော့ချပေးနိုင်ပါတယ်။ ဥာဏ်ရည်မြင့် Active Noise Cancellation (ANC) ပါတဲ့အတွက် Buds Pro ထက် Decibels ၃ ခုအထိ Noise ကို လျှော့ချပေးနိုင်ပါတယ်။ လမ်းပေါ် ဖုန်းပြောနေချိန်မှာ တစ်ဖက်လူရဲ့ အသံကို ကြားရအောင် ချိန်ညှိပေးတဲ့ Voice Detect ပါပါတယ်။ ဒီလုပ်ဆောင်ချက်က ANC Mode ကနေ Ambient Mode ကိုလည်း ပြောင်းပေးနိုင်ပါတယ်။

Samsung Galaxy Buds 2 Pro

Buds2 Pro ရဲ့ နားကြပ် တစ်ဖက်စီမှာ 10mm Drivers ပါလာပြီး 24-bit HiFi Sound က အရည်အသွေးမြင့်တဲ့ အသံတွေကို ထုတ်ပေးနိုင်ပါတယ်။ နားကြပ်တွေမှာ 360-degree Audio ပါတဲ့အတွက် သဘာဝကျတဲ့ အသံတွေကို ကြားရမှာ ဖြစ်ပြီး Dolby Head Tracking နည်းပညာက ရုပ်ရှင်ကြည့်ရင် အလွန် ကောင်းမွန်ပါတယ်။

Samsung Galaxy Buds 2 Pro

Buds2 Pro ကို စမတ်ဖုန်း၊ တက်ဘလက်၊ စမတ်နာရီ၊ ပီစီ၊ စမတ်တီဗီတွေနဲ့ တွဲဖက် သုံးနိုင်ပါတယ်။ SmartThings Find က သင် နားကြပ်ကို မေ့ကျန်ခဲ့တဲ့အချိန်မှာ Galaxy Device ကနေ သတိပေးနိုင်ပါတယ်။ 61mAh ဘက်ထရီကို နားကြပ် ၁ ခုစီမှာ ထည့်သွင်းထားပြီး ANC ဖွင့်ထားရင် ၅ နာရီနဲ့ ပိတ်ထားရင် ၈ နာရီ သီချင်းနားထောင်နိုင်ပါတယ်။ Charging Case ကို USB-C Port ကနေ အားသွင်းနိုင်ပြီး 515mAh ဘက်ထရီ ပါတဲ့အတွက် စုစုပေါင်း သီချင်းနားထောင်ချိန်ဟာ ၂၉ နာရီအထိ ဖြစ်လာမှာပါ။ Case ကို Qi Wireless Charger နဲ့လည်း အားသွင်းနိုင်ပါတယ်။

Buds2 Pro မှာ Bluetooth 5.3 , AKG Tuning နဲ့ IPX7 ရေစိုခံစံနှုန်းတွေ ထည့်သွင်းထားပြီး Graphite, White နဲ့ Bora Purple အရောင် ၃ မျိုး ထုတ်လုပ်ထားပါတယ်။ ၂၃၀ ဒေါ်လာ သတ်မှတ်ထားပြီး နိုင်ငံတကာမှာ ဒီလ ၂၆ ရက်နေ့ ရောင်းမှာပါ။

Ref : gsmarena