Google က အရင်နှစ် အောက်တိုဘာလ အစောပိုင်းမှာ Android 12 ကို ကြေညာခဲ့ပြီး ဒီနှစ်မှာတော့ Android 13 ကို စောစောစီးစီး မိတ်ဆက်လိုက်ပါတယ်။ Pixel တချို့မှာ ဒီနေ့ စတင် ရရှိမှာ ဖြစ်ပြီး Samsung, Asus, HMD Global, iQOO, Motorola, OnePlus, OPPO, realme, Sharp, Sony, Tecno, vivo, Xiaomi နဲ့ တခြား ကုမ္ပဏီတွေအတွက် ဒီနှစ်နှောင်းပိုင်းမှာ ဖြန့်ချိမယ်လို့ Google က ကြေညာလိုက်ပါတယ်။

Android 13 is officially here, updates for Pixels start today

Android 13 မှာ Material You Theme ကို သုံးထားပြီး Theming Engine က Third-party App တွေရဲ့ Icon တွေကို ထောက်ပံ့ပေးလာပါတယ်။ အဆင့်မြှင့်ထားတဲ့ Media Player က နားထောင်နေတဲ့ သီချင်းနဲ့ Podcast ကို အခြေခံကာ သွင်ပြင်ကို အလိုလို ပြောင်းလဲပေးနိုင်ပါတယ်။

Android 13 is officially here, updates for Pixels start today

သီးခြား ဘာသာစကားတွေကို သီးခြား App မှာ သတ်မှတ်နိုင်ပြီး Wallpaper Dimming နဲ့ Dark Theme အပါအဝင် Bedtime Mode ကို နည်းလမ်းများစွာနဲ့ Customize လုပ်နိုင်ပါတယ်။ အီးမေး ၊ ဖုန်းနံပါတ်နဲ့ Login သတင်းအချက်အလက်တွေလို အရေးကြီး ဒေတာတွေကို ကော်ပီလုပ်ထားတဲ့အခါမှာ အချိန်ကာလတစ်ခုအတွင်း Clipboard History ကို အလိုလို ဖျက်ပေးမှာပါ။ App တွေက Default အနေနဲ့ Notification တွေ ပေးပို့မှာ မဟုတ်တော့ဘဲ သင့်ကို အရင် ခွင့်တောင်းမှာပါ။

Android 13 is officially here, updates for Pixels start today

Head Tracking ကို ထောက်ပံ့တဲ့ နားကြပ်တွေမှာ Spatial Audio ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Bluetooth LE Audio ကိုလည်း ထောက်ပံ့တဲ့ Accessory တွေမှာ အသုံးပြုနိုင်မှာ ဖြစ်ပြီး Latency နည်းပါးတဲ့ Bluetooth အသံ၊ ပိုကောင်းတဲ့ အရည်အသွေးတွေကို ခံစားနိုင်မှာ ဖြစ်ပါတယ်။ အသံကို Device များစွာသို့ တစ်ပြိုင်နက် ထုတ်လွှင့်နိုင်မှာပါ။

Android 13 is officially here, updates for Pixels start today

တက်ဘလက်တွေမှာ အဆင့်မြှင့်ထားတဲ့ Taskbar မှာ သင့် App အားလုံးကို မြင်နိုင်ပြီး App တွေကို Drag And Drop လုပ်ကာ Split-screen Mode နဲ့ ကြည့်နိုင်ပါတယ်။ တက်ဘလက်တွေမှာ Stylus ကို သုံးရင် လက်နဲ့ထိတွေ့တာကို ငြင်းဆန်တဲ့ လုပ်ဆောင်ချက် ပါလာတဲ့အတွက် မတော်တဆ လက်နဲ့ ထိမိတဲ့ ပြဿနာကို ဖြေရှင်းပေးပါတယ်။

Third-party ကင်မရာ App တွေမှာ HDR ဗီဒီယို ထောက်ပံ့မှု ပါလာပြီး ဖုန်းနဲ့ တက်ဘလက်အကြားမှာ URL, ဓါတ်ပုံ , စာသားတွေကို ကော်ပီလုပ်လာနိုင်မှာပါ။

Ref : gsmarena