Apple CEO Tim Cook က ကုမ္ပဏီရဲ့ ရေရှည် ရည်မှန်းချက်ဟာ ကမ္ဘာကြီးရဲ့ အရင်းအမြစ်တွေကို မသုံးဖို့ ဖြစ်တယ်လို့ မကြာခင်က အင်တာဗျူး ၁ ခုမှာ ပြောပါတယ်။ ကုမ္ပဏီဟာ စွန့်ပစ်ပစ္စည်းတွေကနေ စမတ်ဖုန်း ထုတ်လုပ်ဖို့ ရည်ရွယ်ထားပါတယ်။ Cook က Apple ထုတ်ကုန်တွေဟာ သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်ဖို့ အရေးကြီးတယ်လို့ ပြောပါတယ်။
ဒါ့အပြင် Tim Cook က Apple ဟာ ၂၀၃၀ ခုနှစ်မှာ ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်လွှင့်မှု မရှိအောင် ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။ အဲဒါမှ ကမ္ဘာကြီး ပိုမို ကောင်းမွန်လာမယ်လို့ သူက ပြောပါတယ်။ Apple ဟာ ကမ္ဘာကြီးက အရင်းအမြစ်တွေကို သုံးခြင်း မရှိဘဲ ထုတ်ကုန်တွေ ထုတ်လုပ်မယ့် စီမံကိန်းဟာ ရေရှည် ရည်မှန်းချက် ဖြစ်ပြီး မကြာခင် အကောင်အထည် ဖော်နိုင်မှာ မဟုတ်ပါဘူး။
Apple ဟာ အရင်နှစ်က iPhone 13 နဲ့ iPhone 13 Pro တို့ရဲ့ ဘူးမှာ ပလတ်စတစ် ဖလင်ပြား အသုံးပြုတာကို ရပ်နားခဲ့တဲ့အတွက် ပလတ်စတစ် တန် ၆၀၀ လောက် သက်သာသွားပါတယ်။ ဒါ့အပြင် iPhone 13 Series စမတ်ဖုန်းတွေ ထုတ်လုပ်တာ၊ ထုပ်ပိုးတာတွေအတွက် စွန့်ပစ်ပစ္စည်းတွေကို အသုံးပြုခဲ့ပါတယ်။ ဥပမာအနေနဲ့ အဲဒီ စမတ်ဖုန်းတွေရဲ့ အတွင်းပိုင်း Touch Engine အတွက် ၁၀၀ ရာခိုင်နှုန်း စွန့်ပစ် အဖြိုက်နက်ကို အသုံးပြုခဲ့ပါတယ်။
ဖုန်း ၁ ခုလုံးမှာ ပါတဲ့ အဖြိုက်နက်တွေရဲ့ ၉၉ ရာခိုင်နှုန်းကို စွန့်ပစ် အဖြိုက်နက်တွေနဲ့ ဖန်တီးထားတာ ဖြစ်ပါတယ်။ ပင်မ Board Plating Layer မှာ ၁၀၀ ရာခိုင်နှုန်း စွန့်ပစ် အဖြိုက်နက်ကို အသုံးပြုထားတာ ဖြစ်ပါတယ်။
Ref : gizchina