အခုနောက်ပိုင်းမှာ စမတ်ဖုန်းကုမ္ပဏီတွေဟာ စမတ်ဖုန်းထုတ်လုပ်မှုအတွက် တရုတ်နိုင်ငံအပေါ်မှီခိုရမှုကို တဖြည်းဖြည်းလျော့ချလာကြပြီဖြစ်ပါတယ်။ လောလောဆယ်မှာဆိုရင်လည်း Apple နဲ့ Microsoft ကုမ္ပဏီတွေက ထုတ်လုပ်တဲ့စက်ရုံတွေကို တရုတ်နိုင်ငံအစား Vietnam နဲ့ India နိုင်ငံတွေကို ပြောင်းရွေ့နေပြီဖြစ်ပါတယ်။
အခုလည်း Google ကနေ လာမယ့် Pixel 7 Series အပါအဝင် Pixel ဖုန်းတွေကို တရုတ်နိုင်ငံအတွင်းမှာရှိတဲ့ Foxconn စက်ရုံတွေအစား Vietnam ကို ပြောင်းလဲပြီး ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။ အဆိုပါ သတင်းကို The New York Times ကနေ ဖော်ပြခဲ့တာဖြစ်ပြီး Google အနေနဲ့ Pixel 7 Series ဖုန်းတွေ ထက်ဝက်ကျော်ကို Vietnam မှာ ပြောင်းလဲထုတ်လုပ်သွားဖို့အထိ စီစဥ်ထားတာဖြစ်ပါတယ်။
အခုလိုမျိုး Pixel 7 Series ဖုန်းတွေကို Vietnam မှာ ပြောင်းလဲထုတ်လုပ်သွားမှာဖြစ်ပေမယ့် Google ရဲ့ ပထမဆုံး Foldable ဖုန်းကိုတော့ တရုတ်နိုင်ငံမှာပဲ အဓိကထုတ်လုပ်သွားဦးမယ်လို့ သိရပါတယ်။ အဆိုပါ Google Foldable Phone ကို Google ကနေ တရားဝင်အတည်ပြုထားခြင်းမရှိသေးပေမယ့် လာမယ့် ၂၀၂၃ ခုနှစ်မှာ မိတ်ဆက်သွားဖို့ စီစဥ်ထားပြီး တရုတ်နိုင်ငံအတွင်းမှာရှိတဲ့ Supplier တွေနဲ့ တွဲဖက် အလုပ်လုပ်ဖို့လိုအပ်တာကြောင့် တရုတ်နိုင်ငံမှာပဲ ထုတ်လုပ်သွားမှာဖြစ်ပါတယ်။
Google ဟာ ယခင်တုန်းက Pixel A Series ဖုန်းတွေကို Vietnam မှာ ထုတ်လုပ်နေတာဖြစ်ပြီး အခုမှ Pixel Flagship ဖုန်းတွေကိုပါ ပြောင်းလဲထုတ်လုပ်ဖို့ စီစဥ်နေတာဖြစ်ပါတယ်။ စမတ်ဖုန်းကုမ္ပဏီတွေက အခုလို တရုတ်နိုင်ငံကနေ ရွေ့ပြောင်းထုတ်လုပ်နေတာဟာ လက်ရှိအချိန် တရုတ်နိုင်ငံအတွင်းမှာ မကြာခဏ Lockdown တွေပြုလုပ်နေတာကြောင့် ထုတ်လုပ်မှုတွေကို ထိခိုက်နေတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။
Ref – GSM Arena