USB Promoter Group က USB 4 Version 2.0 စံနှုန်းကို ကြေညာလိုက်ပြီး ဒေတာ ကူးပြောင်းတဲ့ အမြန်နှုန်းက 80 Gbps အထိ ရှိမှာ ဖြစ်ပါတယ်။ အရင်မျိုးဆက် တူညီတဲ့ Protocol Version ထက် ၂ ဆ ပိုမြန်ပါတယ်။
80 Gbps Type-C ကြိုးဟာ Backwards Compatible ဖြစ်တဲ့အတွက် USB 4 1.0, USB 3.2, USB 2.0 နဲ့ Thunderbolt 3 တွေကို ထောက်ပံ့တဲ့ Connector တွေနဲ့ အသုံးပြုနိုင်ပါတယ်။ USB-C ကြိုး အဟောင်းတွေဟာ USB 4 Version 2.0 မှာ အလုပ်လုပ်မှာ ဖြစ်ပြီး မြင့်မားတဲ့ အမြန်နှုန်းတော့ မရရှိပါဘူး။
Protocol အသစ်ရဲ့ အကြီးမားဆုံး အားသာချက်က အရည်အသွေးမြင့် မျက်နှာပြင်၊ Storage ၊ Hubs နဲ့ Docks တွေမှာ အသုံးပြုနိုင်တာ ဖြစ်ပါတယ်။ 80 Gbps အမြန်နှုန်းနဲ့ဆိုရင် External GPU ကို လက်ပ်တော့နဲ့ ချိတ်ဆက်နိုင်ပြီး စွမ်းဆောင်ရည် မကျဘဲ ဒတ်စတော့ စတိုင် ဂိမ်းကစားတဲ့ အတွေ့အကြုံကို ခံစားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် DisplayPort နဲ့ PCIe နောက်ဆုံး Version တွေဟာ စံနှုန်း အသစ်နဲ့ ကောင်းစွာ အလုပ်လုပ်မှာ ဖြစ်ပါတယ်။
Protocol အသစ်ရဲ့ သတင်းအချက်အလက် အသေးစိတ်တွေကို နိုဝင်ဘာလ ၁ ရက်နေ့မှာ ကျင်းပမယ့် USB Developer Days 2022 Conference မှာ ကြေညာမှာ ဖြစ်ပါတယ်။
Ref : gsmarena