Apple က iPhone 14 Series မိတ်ဆက်ပွဲမှာ ဘက်ထရီ ပမာဏတွေကို မပြောသွားပါဘူး။ အခုတော့ တရုတ် ကနေ အဲဒီ ဖုန်းတွေရဲ့ ဘက်ထရီ ပမာဏတွေကို သိလာရပါပြီ။
iPhone 14 မော်ဒယ် ၄ လုံးထဲက ၃ လုံးမှာ iPhone 13 Series ထက် အရွယ်အစားပိုကြီးတဲ့ ဘက်ထရီတွေ ပါလာပြီး iPhone 14 Pro Max မှာတော့ iPhone 13 Pro Max ထက် အရွယ်အစား အနည်းငယ်ပိုသေးတဲ့ ဘက်ထရီ ထည့်ထားပါတယ်။
iPhone 13 Series ရဲ့ ဘက်ထရီ ပမာဏတွေကို အောက်မှာ လေ့လာနိုင်ပါတယ်။
- iPhone 13 mini: 2,406 mAh
- iPhone 13: 3,227 mAh
- iPhone 13 Pro: 3,095 mAh
- iPhone 13 Pro Max: 4,352 mAh
iPhone 14 Series ရဲ့ ဘက်ထရီ ပမာဏတွေကို အောက်မှာ လေ့လာနိုင်ပါတယ်။
- iPhone 14: 3,279 mAh
- iPhone 14 Plus: 4,325 mAh
- iPhone 14 Pro: 3,200 mAh
- iPhone 14 Pro Max: 4,323 mAh
Apple က iPhone 14 Series ၄ လုံးကို စက်တင်ဘာလ ၇ ရက်နေ့က ကြေညာခဲ့ပြီး စက်တင်ဘာလ ၉ ရက်နေ့က စတင်ကာ ကြိုတင်မှာယူခွင့်ပြုထားပါတယ်။ iPhone 14 Plus ကို အောက်တိုဘာလ ၇ ရက်နေ့နဲ့ ကျန်တဲ့ ဖုန်း ၃ လုံးကို စက်တင်ဘာလ ၁၆ ရက်နေ့ ရောင်းချမှာ ဖြစ်ပါတယ်။
Ref : macrumors