iPhone 14 ကို ကြေညာထားတာ ရက်ပိုင်းပဲရှိသေးပေမယ့် iPhone 15 ရဲ့ သတင်းတွေ စတင် ထွက်ပေါ်လာနေပါပြီ။ Supply Chain လေ့လာဆန်းစစ်သူ Ross Young က iPhone 14 Pro နဲ့ Pro Max မှာ မိတ်ဆက်ခဲ့တဲ့ Dynamic Island ကို နောက်နှစ်ထွက်မယ့် iPhone 15 Pro မော်ဒယ်တွေမှာသာမက မော်ဒယ် အားလုံးမှာ ထည့်သွင်းပေးထားမယ်လို့ ပြောပါတယ်။

ဒီသတင်းသာ မှန်မယ်ဆိုရင် Apple ၂၀၁၇ ခုနှစ် iPhone X မှာ စတင် မိတ်ဆက်ခဲ့တဲ့ Notch ကို နောက်နှစ်ထွက်မယ့် iPhone မော်ဒယ်အားလုံးမှာ အသုံးပြုတော့မှာ မဟုတ်ပါဘူး။ Young က အခြေခံ iPhone 15 မှာ iPhone 14 Pro ရဲ့ Always-on Display နဲ့ ProMotion ကို ထောက်ပံ့ပေးနိုင်တဲ့ 120Hz LTPO မျက်နှာပြင် မပါလာနိုင်ဘူးလို့ ပြောပါတယ်။

What is Apple Dynamic Island and how does it work?

Dynamic Island ဟာ ကင်မရာတွေ တပ်ဆင်ထားတဲ့ iPhone 14 Pro ရဲ့ မျက်နှာပြင် အထက်က အနက်ရောင် ဆေးတောင့်ပုံ Cutout ဖြစ်ပါတယ်။ Apple က Dynamic Island ကို ပိုကြီးသွားအောင် Animation တွေကို အသုံးပြုကာ UI နဲ့ Cutout ကို လှပစွာ ပေါင်းစပ်ထားတာပါ။ Dynamic Island မှာ Notification တွေ၊ အားကစားပွဲ ရလဒ်တွေကို ပြသပေးပါတယ်။

iPhone 14 Pro နဲ့ Pro Max မှာ ပါတဲ့ Dynamic Island ဟာ လူစိတ်ဝင်စားမှုများပြားပြီး Android စမတ်ဖုန်းတွေမှာ အလားတူ လုပ်ဆောင်ချက်မျိုးရအောင် တီထွင်ဖန်တီးနေကြပါတယ်။ iPhone 15 မော်ဒယ်အားလုံးမှာ Dynamic Island ပါလာမယ်ဆိုရင် လူကြိုက်များမယ်လို့ ထင်ရပါတယ်။

ref : theverge