Google ဟာ Pixel Buds A-Series TWS နားကြပ်ကို ဇွန်လက ကြေညာခဲ့ပြီး Clearly White နဲ့ Dark Olive ၂ ရောင် ထုတ်လုပ်ထားပါတယ်။ အခုတော့ တတိယ အရောင် ဖြစ်တဲ့ Charcoal ကို ရောင်းချပေးလိုက်ပါတယ်။ Charcoal အရောင်ရဲ့ ဈေးက တခြား ၂ ရောင်လိုပဲ ၉၉ ဒေါ်လာ ဖြစ်ပြီး Google Store ကနေ ကြိုတင်မှာယူနိုင်ပါပြီ။
အရောင်ကွဲပြားတာကလွဲပြီး Specs နဲ့ လုပ်ဆောင်ချက်တွေက တူညီကြပါတယ်။ ဒီဇိုင်းဟာ အရင်နှစ်က ရောင်းချခဲ့တဲ့ Pixel Buds 2nd Generation နဲ့ တော်တော် တူညီပါတယ်။ Google က အသံ အရည်အသွေးဟာလည်း Pixel Buds 2nd Gen နဲ့ တူညီတယ်လို့ ပြောပါတယ်။
Pixel Buds A-Series နားကြပ်မှာ Swipe Gesture က လွဲပြီး ကျန်တဲ့ Touch Control တွေကို Support လုပ်မှာဖြစ်သလို Wear Detection Feature လည်းပါဝင်ဦးမှာဖြစ်ပါတယ်။ “Hey Google” Voice Command ကိုလည်း အသုံးပြုနိုင်မှာဖြစ်ပြီး IPX4 Water Resistant လည်းဖြစ်ပါသေးတယ်။ အဲ့ဒီအတွက် Feature ပိုင်းမှာ Google Pixel Buds 2nd Gen မှာပါဝင်တဲ့ Adaptive Sound နဲ့ Attention Alerts လောက်ပဲ ကျန်ခဲ့မှာဖြစ်ပါတယ်။
Battery Life အနေနဲ့ တစ်ကြိမ်အားသွင်းထားရင် ၅ နာရီဆက်တိုက်အသုံးပြုနိုင်မှာဖြစ်ပြီး Charging Case နဲ့တွဲမယ်ဆိုရင်တော့ ၂၄ နာရီအသုံးပြုနိုင်မှာပါ။ အားပြန်သွင်းတဲ့အချိန်မှာတော့ Wireless Charging Support ပြုလုပ်တော့မှာမဟုတ်ဘဲ USB-C ကနေပဲ အားသွင်းရမှာဖြစ်ပါတယ်။
Ref : gsmarena