Apple ဟာ လာမယ့်နှစ်အနည်းငယ်အတွင်း AirPods နဲ့ Mac Accessory တွေမှာ USB-C Charging ကို သုံးထားနိုင်တယ်လို့ Bloomberg ရဲ့ Mark Gurman က ပြောပါတယ်။ ဥရောပ သမဂ္ဂက ၂၀၂၄ ခုနှစ်မှာ စမတ်ဖုန်း၊ တက်ဘလက်၊ နားကြပ် အသစ်တွေမှာ USB-C Charging ကို သုံးဖို့ ဥပဒေ ပြဌာန်းဖို့ ပြင်ဆင်နေပါတယ်။ အဲဒီ ဥပဒေဟာ အတည် မဖြစ်သေးပေမယ့် ဥရောပ ပါလီမန်က ခွင့်ပြုထားပြီးပါပြီ။

Gurman: AirPods and Mac Accessories Likely to Switch to USB-C by 2024 | MacRumors Forums

အဲဒီ ဥပဒေကို လိုက်နာဖို့အတွက် Gurman က Apple ဟာ ၂၀၂၄ ခုနှစ်မှာ နောက်မျိုးဆက် AirPods, AirPods Pro နဲ့ AirPods တို့မှာ USB-C ကို သုံးထားမယ်လို့ ယုံကြည်ထားပါတယ်။ Magic Mouse , Magic Keyboard, Magic Trackpad တို့အပါအဝင် Mac Accessory တွေမှာ USB-C ကို နောက်နှစ်မှာ ထည့်သွင်းထားနိုင်ပါတယ်။ Apple ဟာ နောက်နှစ်မှာ iMac နဲ့ Mac Pro အသစ်တွေကို ကြေညာမှာ ဖြစ်တဲ့အတွက် အဲဒီ ထုတ်ကုန်တွေရဲ့ Accessory တွေမှာ USB-C ကို ပြောင်းလဲ အသုံးပြုထားနိုင်ပါတယ်။ Gurman က ဥရောပ သမဂ္ဂရဲ့ ဥပဒေ အတည်မဖြစ်ခင် AirPods တွေမှာ USB-C ကို ထည့်သွင်းလာနိုင်တယ်လို့ ပြောပါတယ်။

Apple's AirPods and Mac accessories could gain USB-C by 2024 | AppleInsider

ဒီနှစ် အစောပိုင်းက Gurman ဟာ Apple က iPhone တွေမှာ USB-C Charging ကို စတင် စမ်းသပ်နေတယ်လို့ ပြောခဲ့ပေမယ့် အစောဆုံး အနေနဲ့ ၂၀၂၃ ခုနှစ် မတိုင်ခင် ဖုန်းတွေမှာ ပါလာမယ်လို့ မထင်ခဲ့ကြပါဘူး။ Gurman က iPhone 15 နဲ့ ဒီနှစ်ကုန်မှာ ထွက်မယ့် တန်ဖိုးနည်း iPad မှာ USB-C Charging Port ပါလာမယ်လို့ သုံးသပ်ထားပါတယ်။

Ref : theverge