MediaTek ကနေ အခုအချိန်မှာ Mid-Range Level Chipset အသစ်ကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ Chipset ကတော့ Dimensity 1080 Chipset ဖြစ်ပြီး လက်ရှိမိတ်ဆက်ထားတဲ့ Dimensity 920 Chipset ကို အစားထိုးထွက်ရှိလာတာဖြစ်ပါတယ်။
MediaTek Dimensity 1080 Chipset အသစ်ဟာ အဓိကအနေနဲ့ Camera ပိုင်းကို အဆင့်မြှင့်တင်ထားပြီးတော့ ယခင်တုန်းက 108MP Camera Sensor တွေကိုပဲ ထောက်ပံ့ပေးနိုင်တာကနေ အခုအချိန်မှာ 200MP Sensor တွေကိုပါ အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။ ဒါ့အပြင် HDR Video တွေကို 4K Resolution အထိ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။
Dimensity 1080 Chipset ဟာ Performance ပိုင်းမှာ Cortex-A78 2.6GHz Performance Core ၂ လုံးဖြင့် အဆင့်မြှင့်တင်ထားပြီး GPU ပိုင်းမှာတော့ Mali-G68 ကို အသုံးပြုထားပါတယ်။ Chipset အနေနဲ့ကတော့ 6nm Architecture ကို အခြေခံထားတယ်လို့ သိရပါတယ်။
ကျန်တဲ့ Feature တွေအနေနဲ့ကတော့ Gaming Feature တွေဖြစ်တဲ့ HyperEngine 3.0 ၊ 5G Support ၊ Wi-Fi 6 အပြင် AI Processor တွေလည်း ပါဝင်မှာဖြစ်ပါတယ်။ MediaTek ရဲ့ ပြောကြားချက်အရတော့ အခုလို Dimensity 1080 Chipset ကို အသုံးပြုထားတဲ့ စမတ်ဖုန်းတွေကို ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းမှာ မိတ်ဆက်လာမှာဖြစ်ပါတယ်။
Ref – GSM Arena