၂၀၂၁ ခုနှစ် အောက်တိုဘာလမှာ Samsung က W22 စမတ်ဖုန်းကို တရုတ်မှာ ကြေညာခဲ့ပါတယ်။ အခုတော့ မျိုးဆက်သစ် W23 5G ကို အောက်တိုဘာလ ၂၁ ရက်နေ့ တရုတ်မှာ မိတ်ဆက်တော့မှာပါ။

Samsung W22 ဟာ Galaxy Z Fold 3 ရဲ့ တန်ဖိုးကြီး မော်ဒယ် ဖြစ်ပါတယ်။ အလားတူပဲ W23 5G ဟာလည်း Galaxy Z Fold 4 ရဲ့ Custom Version ဖြစ်လာနိုင်ပါတယ်။ ပေါက်ကြား ပိုစတာအရ Samsung ဟာ အဲဒီပွဲမှာ W23 Flip (Custom Galaxy Z Flip 4) ကိုပါ ကြေညာနိုင်ပါတယ်။

W23 နဲ့ W23 Flip ၂ လုံးစလုံးမှာ ရွှေနဲ့ ပြုလုပ်ထားတဲ့ Hinge ပါလာနိုင်ပြီး အနောက်ဘက်မှာ “Heart to the World” Logo ထည့်သွင်းထားနိုင်ပါတယ်။

အရင်နှစ်က W22 5G ကို ၂,၃၇၃ ဒေါ်လာနဲ့ ရောင်းချခဲ့ပြီး W23 ကိုလည်း အဲဒီ ဈေးနဲ့ ရောင်းချနိုင်ပါတယ်။

W23 နဲ့ W23 Flip မှာ Snapdragon 8 Plus Gen 1 Chipset မောင်းနှင်ထားနိုင်ပါတယ်။ W23 ဟာ ၇.၆ လက်မ Foldable မျက်နှာပြင်ပါတဲ့ Foldable ဖုန်း ဖြစ်နိုင်ပြီး W23 Flip ဟာ ၆.၇ လက်မ Foldable မျက်နှာပြင် ပါတဲ့ Clamshell ဖုန်း ဖြစ်နိုင်ပါတယ်။

W23 ရဲ့ အနောက်ဘက်မှာ 50MP Main , 12MP Ultrawide , 12MP Telephoto (3x Optical Zoom) နဲ့ အရှေ့ဘက်မှာ 10MP ကင်မရာ, 4MP မျက်နှာပြင်အောက် ကင်မရာတွေ ပါလာနိုင်ပါတယ်။

W23 Flip  မှာ 12MP Main နဲ့ 12MP Ultrawide ကင်မရာတွေ တပ်ဆင်ထားနိုင်ပါတယ်။

Ref : gizmochina