iPhone 14 Series ဟာ ဖုန်းဈေးကွက်မှာ ရောင်းအား တော်တော် ကောင်းနေပါတယ်။ အဲဒီ ဖုန်းတွေရဲ့ Review များစွာ ထွက်လာပြီ ဖြစ်ပြီး Reviewer တွေ ပြောတဲ့ တူညီတဲ့ စကားက iPhone 14 Series ဟာ တရုတ် ဆန်လွန်းတယ်ဆိုတာပါပဲ။ iPhone 14 ဟာ အမေရိကန် ဖုန်း ဖြစ်ပေမယ့် ဝိညာဉ်က တရုတ် ဖြစ်ပါတယ်။
iPhone 13 Series နဲ့ ယှဉ်ရင် iPhone 14 Series မှာ ပထမဆုံး အကြိမ် အနေနဲ့ တရုတ်ရဲ့ Flash Memory ကို အသုံးပြုထားပါတယ်။ iPhone 14 Series မှာ Western Digital, Toshiba နဲ့ Yangtze River Storage ဆီက အနည်းဆုံး Flash Memory ၃ ခုကို အသုံးပြုထားပါတယ်။ ပထမဆုံး အကြိမ် အနေနဲ့ Yangtze Memory Technologies Corp (YMTC) ဟာ Apple ကို Flash Memory Chip တွေ ထောက်ပံ့လာတာပါ။
အမေရိကန် လွှတ်တော် အမတ်တွေက Apple ရဲ့ YMTC ထုတ်ကုန်တွေ အသုံးပြုမှုကို ပြင်းပြင်းထန်ထန် ကန့်ကွက်ထားပြီး Privacy နဲ့ Security အတွက် စိုးရိမ်ရတယ်လို့ ပြောပါတယ်။ Apple က တရုတ်မှာ ရောင်းတဲ့ iPhone တွေမှာပဲ YMTC NAND Flash Memory Chip တွေကို အသုံးပြုမယ်လို့ တုန့်ပြန်ခဲ့ပါတယ်။ အမေရိကန် အစိုးရရဲ့ ဖိအားပေးမှုတွေ ရှိနေပေမယ့် iPhone ဟာ တရုတ် မပါရင် မရှင်သန်နိုင်ပါဘူး။ တရုတ် ထုတ်ကုန်တွေ မသုံးရင် Apple ရဲ့ စံနှုန်းကို ရရှိမှာ မဟုတ်ပါဘူး။
၂၀၁၂ ခုနှစ်မှာ Apple ဟာ Supplier အနေနဲ့ ကုမ္ပဏီ ၁၅၆ ခုကို ရွေးချယ်ခဲ့ပြီး တရုတ် ကုမ္ပဏီ ၈ ခုပဲ ပါခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်မှာ Supplier ၂၀၀ ရှိခဲ့ပြီး တရုတ် ကုမ္ပဏီ ၉၆ ခု ပါခဲ့ပါတယ်။ Apple အတွက် အစိတ်အပိုင်းတွေ ထုတ်လုပ်ပေးနေတဲ့ တရုတ် ကုမ္ပဏီဟာ ထက်ဝက်နီးပါး ရှိလာတာပါ။ ၂၀၂၁ ခုနှစ်မှာ နောက်ထပ် တရုတ် ကုမ္ပဏီ ၁၂ ခုဟာ Apple ရဲ့ Supplier List ထဲ ပါလာပါတယ်။
Ref : gizchina