Xiaomi ရဲ့ MIUI 14 ဟာ အဓိက Update ဖြစ်ပြီး Xiaomi စမတ်ဖုန်း ကိုင်ထားသူတွေ စိတ်ဝင်စားမှု မြင့်တက်နေပါတယ်။ MIUI 14 ဟာ Android 13 ကို အခြေပြုထားတာ ဖြစ်ပြီး User Interface အသစ် ပါလာမှာပါ။ MIUI 14 ကို အစောဆုံး ရမယ့် စမတ်ဖုန်း စာရင်းကို ပြောပြချင်ပါတယ်။
Xiaomi ဟာ MIUI 13 ကို လက်ရှိမှာ ဖြန့်ချိပေးနေတဲ့အတွက် MIUI 14 ကို မကြာခင် ဖြန့်ချိမှာ မဟုတ်ပါဘူး။ MIUI 14 ရဲ့ Alpha နဲ့ Beta Version တွေကို လက်ရှိမှာ စမ်းသပ်နေဆဲ ဖြစ်ပြီး တရုတ်လို နိုင်ငံတွေက Beta Tester တွေပဲ အသုံးပြုလို့ရပါသေးတယ်။
MIUI 14 ကို ဒီဇင်ဘာလမှာ ဖြန့်ချိမယ်လို့ ထင်ရပြီး Beta Version ကို နိုဝင်ဘာလ သို့မဟုတ် ဒီဇင်ဘာလ အစောပိုင်းမှာ လူတိုင်းအတွက် ဖြန့်ချိနိုင်ပါတယ်။ ဒီဇင်ဘာလမှာ စတင် ဖြန့်ချိတဲ့အခါ တစ်ကမ္ဘာလုံးမှာ ရရှိမှာ မဟုတ်သေးပါဘူး။ နောက်ပိုင်းကျမှ တစ်ကမ္ဘာလုံးအတွက် ဖြည်းဖြည်းချင်း ဖြန့်ချိမှာ ဖြစ်ပါတယ်။
MIUI 14 Beta ရမယ့် စမတ်ဖုန်း စာရင်းကို ကြည့်ရင် MIUI 14 ကို အစောဆုံးရမယ့် စမတ်ဖုန်းတွေကို သိနိုင်ပါတယ်။ စုစုပေါင်း စမတ်ဖုန်း ၉ လုံး ပါလာပြီး အားလုံးဟာ စွမ်းရည်မြင့် စမတ်ဖုန်းတွေ ဖြစ်ပါတယ်။ အဲဒီ စမတ်ဖုန်းတွေကို အောက်မှာ လေ့လာနိုင်ပါတယ်။
- Xiaomi 12T Pro
- Xiaomi 12S
- Xiaomi 12S Pro
- Xiaomi 12S Ultra
- Redmi K50
- Redmi K50 Pro
- Redmi K50 Ultra
- Xiaomi 13
- Xiaomi 13 Pro
Ref : gizchina