Samsung က One UI 5 Stable Build ကို ဖြန့်ချိလိုက်ပြီ ဖြစ်ပြီး Galaxy S22 Series မှာ အရင်ဆုံး ရရှိသွားပါပြီ။ Beta Program မှာ ပါတဲ့ Galaxy စမတ်ဖုန်း များစွာ ရှိနေပြီး Bugs တွေကို ပြင်ဆင်ပြီးရင် One UI 5 Stable Version ကို ရရှိကြမှာ ဖြစ်ပါတယ်။

Samsung က One UI 5 ရဲ့  တရားဝင် မိတ်ဆက် ဗီဒီယိုကို မျှဝေလိုက်ပြီး ၂ မိနစ်ကြာ ဗီဒီယိုမှာ One UI 5 ရဲ့ လုပ်ဆောင်ချက် အသစ် အားလုံးကို ပြသထားကာ Samsung ရဲ့ Custom User Interface ကို လေ့လာနိုင်ပါတယ်။

All features of One UI 5 in 2 minutes. Samsung showed important innovations of the new interface on video - Digit News

Samsung က သင့် ဖုန်းကို သင် မြင်ချင်တဲ့ ပုံစံအတိုင်း မြင်ရဖို့ Automatic ရော Manual ၂ ခုစလုံးအတွက်ပါ Customization လုပ်ဆောင်ချက် အသစ်များစွာ ထည့်သွင်းပေးထားပါတယ်။ Homescreen မှာ နေရာလွတ်ပိုရစေဖို့ Widgets တွေကို ထပ်ထားတာလို တိုးတက်လာတဲ့ လုပ်ဆောင်ချက် တချို့ ပါလာပါတယ်။

Galaxy Fold လို အရွယ်ကြီး မျက်နှာပြင် ပါတဲ့ Device တွေအတွက် Task Bar အသစ် ထည့်သွင်းထားပါတယ်။ One UI 5 မှာ Privacy နဲ့ Security ကို Screen ၁ ခုထဲမှာ ပေါင်းစပ်ထားပြီး သံသယဖြစ်စရာတွေ့ရင် အလိုလို သတိပေးနိုင်ပါတယ်။

Ref : gsmarena