Redmi ဟာ K60 Series ဖုန်းတွေကို ဖန်တီးနေတယ်လို့ သတင်းထွက်နေပြီး အခုတော့ Xiaomiui က Redmi K60 Gaming ရဲ့ အဓိက သတင်းအချက်အလက်တွေကို မျှဝေလိုက်ပါတယ်။

Redmi K50 Gaming

Photo – Redmi K50 Gaming Edition

IMEI ဒေတာဘေ့စ်မှာ မော်ဒယ်နံပါတ် 23011310C ပါတဲ့ Xiaomi Device အသစ် ၁ လုံးကို တွေ့လာရပြီ ဖြစ်ပြီး အဲဒီ ဖုန်းကို တရုတ်မှာ Redmi K60 Gaming အမည်နဲ့ ကြေညာမယ်လို့ Xiaomiui က ပြောပါတယ်။ အမည်မှာ Gaming ပါတဲ့အတွက် ဂိမ်း အသားပေး စမတ်ဖုန်း ဖြစ်မှာပါ။

Redmi K60 Gaming ရဲ့ လျှို့ဝှက်အမည်က Socrates ဖြစ်ပြီး နိုဝင်ဘာလမှာ ကြေညာမယ့် Snapdragon 8 Gen 2 Chipset ပါလာနိုင်ပါတယ်။ Xiaomiui က Redmi K60 Gaming ရဲ့ တခြား Specs တွေကို မပြောပါဘူး။ တရုတ် Tipster Digital Chat Station က အဲဒီ ဖုန်းမှာ 100W Charging ပါလာမယ်လို့ ပြောထားပါတယ်။

Xiaomi Redmi K50 Gaming brings SD 8 Gen 1 and 120W charging - GSMArena.com news

Photo – Redmi K50 Gaming Edition

Redmi K50 Gaming ကို တရုတ်မှာပဲ ရောင်းချခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ ဖုန်းကို နိုင်ငံတကာမှာ POCO F4 GT အမည်နဲ့ ရောင်းချခဲ့ပါတယ်။

Xiaomiui က Redmi K60 Gaming ကို တရုတ်မှာပဲ ရောင်းချမယ်လို့ ပြောပြီး မော်ဒယ်နံပါတ် အရ ၂၀၂၃ ခုနှစ် ပထမ ၃ လထဲမှာ ကြေညာနိုင်ပါတယ်။ IMEI ဒေတာဘေ့စ်မှာ Global နဲ့ India Version တွေကို မတွေ့ရတဲ့အတွက် တရုတ် ပြင်ပမှာ ရောင်းမလားဆိုတာ မသိရသေးပါဘူး။ ဒါပေမယ့် နိုင်ငံတကာအတွက် POCO F5 GT ထွက်လာနိုင်ပါတယ်။

Ref : gizmochina