Apple က iPhone မှာ USB-C ပြောင်းသုံးတော့မယ်လို့ အတည်ပြုလိုက်ပါတယ်။ The Wall Street Journal နဲ့ အင်တာဗျူး ၁ ခုမှာ Apple ရဲ့ Marketing အကြီးအကဲ Greg Joswiak က သူ့ အဖွဲ့တွေက မကျေနပ်ရင်တောင် ကုမ္ပဏီဟာ Lightning Port ကို အစားထိုးတော့မှာ ဖြစ်တယ်လို့ ပြောပါတယ်။
အင်တာဗျူးမှာ Software ဌာနရဲ့ ဒုတိယ အကြီးအကဲ Craig Federighi လည်း ပါပေမယ့် သူတို့ ၂ ယောက်စလုံးက Lightning Port အစား USB-C ကို ပြောင်းသုံးမယ့် အချိန်ကို မပြောသွားပါဘူး။
Apple ရဲ့ အရာရှိတွေက ဥရောပသမဂ္ဂဟာ ဥရောပက Customers တွေအတွက် Lightning Port ကနေ USB-C Port ပြောင်းလဲ အသုံးပြုရမယ့် အချိန်ကို ညွှန်ကြားမယ်လို့ ပြောပြီး ပြောင်းလဲမယ့် အချိန်ကို မပြောချင်တဲ့အတွက် ပါးပါးနပ်နပ် ဖြေဆိုသွားခဲ့တာပါ။ Joswiak က Apple ဟာ ဥရောပ သမဂ္ဂ ပြင်ပမှာ Connector ကို ရောင်းချမလားဆိုတာကို မဖြေဆိုသွားပေမယ့် ဖြစ်နိုင်ခြေ အလွန် နည်းပါးပါတယ်။
Joswiak က ဥပဒေ ပြဌာန်းသူတွေရဲ့ စံနှုန်းတွေကို လိုက်နာတာနဲ့ Third-party Hardware တွေကို သုံးစွဲတာထက် Apple ဟာ ကိုယ်ပိုင် လမ်းကြောင်းကို သွားတာ ဖြစ်ပြီး ကုမ္ပဏီရဲ့ အင်ဂျင်နီယာတွေကို ယုံကြည်တယ်လို့ ပြောပါတယ်။
Marketing အကြီးအကဲက ကြိုးတွေပါတဲ့ Charging Bricks တွေဟာ စံနှုန်း ပြဿနာကို ဖြေရှင်းနိုင်ပြီး USB-C ကို ပြောင်းသုံးရင် လူတွေဟာ ကြိုးအဟောင်းတွေကို စွန့်ပစ်ကာ ကြိုးအသစ်တွေ ဝယ်ရတဲ့အတွက် အီလက်ထရောနစ် စွန့်ပစ် ပစ္စည်းများစွာ ဖြစ်လာမယ်လို့ ပြောပါတယ်။
Ref : gsmarena