Nothing ကုမ္ပဏီဟာ လက်ရှိအချိန်မှာ Nothing Phone (1) နဲ့ စျေးကွက်အတွင်းမှာ အောင်မြင်မှုရရှိနေပြီဖြစ်ပါတယ်။ ဒါပေမယ့် Nothing ကုမ္ပဏီက ပထမဆုံးအနေနဲ့ မိတ်ဆက်ခဲ့တဲ့ Product ကတော့ Nothing Phone (1) မဟုတ်ဘဲ Nothing Ear (1) Earbuds ပဲဖြစ်ပါတယ်။
အခုလည်း Nothing ကုမ္ပဏီကနေ နောက်ထပ် Audio Product တစ်ခုဖြစ်တဲ့ Nothing Ear (stick) Earbuds အသစ်ကို ထပ်မံမိတ်ဆက်လိုက်ပါပြီ။ ထူးခြားချက်အနေနဲ့ကတော့ အခု Nothing Ear (stick) ဟာ တခြားသော Earbuds တွေလိုမျိုး Active Noise Cancellation (ANC) ပါဝင်ခြင်းမရှိဘဲ ပုံမှန် Silicone Eartips မပါတဲ့ Earbuds Design ကို အသုံးပြုထားတာဖြစ်ပါတယ်။
အသေးစိတ်အနေနဲ့ကတော့ Nothing Ear (stick) Earbuds တွေဟာ Audio ပိုင်းအတွက် 12.6mm Driver တွေကို အသုံးပြုထားပြီး Charging Case နဲ့တွဲဖက်ပြီး သုံးမယ်ဆိုရင် Battery Life အနေနဲ့ ၂၉ နာရီအထိ ရရှိနိုင်မှာဖြစ်ပါတယ်။ Earbuds တစ်ခုစီမှာ Microphone ၃ ခုပါဝင်တဲ့ Clear Voice နည်းပညာကို အသုံးပြုထားတာကြောင့် ဖုန်းပြောဆိုမှုတွေမှာ ကြည်လင်ပြတ်သားနေစေမှာဖြစ်ပါတယ်။ ဒါ့အပြင် Touch Control တွေကိုပါ ထောက်ပံ့ပေးနိုင်မှာပါ။
Nothing Ear (stick) Earbuds တွေဟာ Bass Lock Feature ပါဝင်သလို IP54 Dust & Water Resistant Rating လည်းပါဝင်မှာဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ကတော့ Nothing Ear (stick) ရဲ့ Charging Case Design က တခြားသော Wireless Earbuds တွေနဲ့ယှဥ်ရင် ကွဲထွက်နေတဲ့ ရှည်မျောမျောပုံစံကို ပြုလုပ်ထားပါတယ်။
စျေးနှုန်းအနေနဲ့ကတော့ Nothing Ear (stick) Earbuds ဟာ $99 နဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။
Ref – GSM Arena