၂၀၂၁ ခုနှစ်မှာ Motorola ဟာ Snapdragon 8 Gen 1 ပါတဲ့ ဖုန်းကို ပထမဆုံး ရောင်းချခဲ့ပါတယ်။ ကုမ္ပဏီက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ SD8G1 ပါတဲ့ Moto Edge X30 ကို ကြေညာခဲ့တာပါ။ အဲဒီအတွက် မျိုးဆက်သစ်ကို ဒီနှစ် အဲဒီအချိန်လောက်မှာပဲ မိတ်ဆက်နိုင်ပါတယ်။ Moto X40 ကို မကြာခင် ကြေညာတော့မယ်လို့ Lenovo China Mobile Phone Business ဌာနရဲ့ အထွေထွေမန်နေဂျာ Chen က သတင်းပေးလာပါတယ်။

Jin ရဲ့ ဝီဘို ပို့စ်မှာ Moto X40 ထွက်လာမယ်ဆိုတာ အတည်ပြုထားပြီး Motorola ဟာ တရုတ်မှာ ရောင်းတဲ့ ဖုန်းတွေမှာ Edge Branding အသုံးပြုတာကို ရပ်နားထားပါတယ်။ အဲဒီအတွက် Edge X30 ရဲ့ မျိုးဆက်သစ်ကို Moto X40 လို့ပဲ နာမည်ပေးထားမှာပါ။ အဲဒီ စွမ်းရည်မြင့်ဖုန်းကို ဒီနှစ်မကုန်ခင် ကြေညာနိုင်ပါတယ်။

Moto X40 full specifications revealed, could be first Snapdragon 8 Gen 2 phone to debut - Gizmochina

X40 ကို နိုင်ငံတကာ ဈေးကွက်မှာ Motorola Edge 40 Pro နာမည်နဲ့ ရောင်းချနိုင်ပါတယ်။ Edge 30 Pro ကို ၂၀၂၂ ခုနှစ် မတ်လမှာ ကြေညာခဲ့တဲ့အတွက် Edge 40 Pro ကိုလည်း ၂၀၂၃ ခုနှစ် မတ်လမှာ မိတ်ဆက်နိုင်ပါတယ်။

ပေါက်ကြားသတင်းတွေအရ Moto X40 မှာ OLED မျက်နှာပြင်နဲ့ 165Hz Refresh Rate ပါလာနိုင်ပြီး Snapdragon 8 Gen 2 Chipset နဲ့ 8GB / 12GB RAM ထည့်သွင်းထားနိုင်ပါတယ်။ ဆဲလ်ဖီး ကင်မရာ အတွက် 60MP ကင်မရာကို သုံးထားနိုင်ပြီး အနောက်ဘက်မှာ 50MP Main , 50MP Ultrawide နဲ့ 12MP Telephoto ကင်မရာ ၃ လုံး ပါလာနိုင်ပါတယ်။

Ref : gizmochina